
၂၀၁၉ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ၂၀-၃-၂၀ ၁၉ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်ရှိ သာသနာ့ဗိမ္မာန်တော်ကြီး၌ကျင်းပရာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဦးမျိုးညွန့်နှင့်ဇနီးဒေါ်ဌေးရည်တက်ရောက်ကြည်ညို၍ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ပြီး လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရည်တို့က အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရဆရာတော်များ၊ဘွဲ့တံဆိပ်တော်ရ ပြည်တွင်းပြည်ပမှသီလရှင်ကြီးများနှင့် ဘွဲ့တံဆိပ်ရအမျိုးသမီးလူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ သည်။
ညနေပိုင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုဆက်လက်ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်ဇနီး၊ ခုံရုံးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများက ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး ၂၅၄ ပါးနှင့် သီလရှင် ဆရာကြီး ၁၄ ပါးတို့အား လှူဖွယ်ပစ္စည်းများကို သဒ္ဓါကြည်ဖြူစွာဖြင့် လောင်းလှူပူဇော်ခဲ့ကြ သည်။