Main menu

Meeting of Secretary General of AACC

Thu, 12/20/2018 - 14:26 -- admin

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးအဖွဲ့မှူး  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှဌေးသည်  အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၁၆ ခုနှစ် မေလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိကျင်းပသော Meeting of Secretary General of AACC သို့တက်ရောက်ခဲ့သည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် ကိုရီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ တူရကီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့်အဆင့်တူတရားရုံးများအဖွဲ့ဝင် နိုင်ငံများမှ အထွေထွေအတွင်းရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။