
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များဖြစ်ကြသော ဦးမျိုးမြင့်နှင့် ဦးခင်မောင်ချိုတို့သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကျင်းပသော Board of Members Meeting of AACC သို့တက်ရောက်ခဲ့ကြသည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် ကိုရီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ တူရကီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့်အဆင့်တူတရားရုံးများအသင်း၏ အဖွဲ့ဝင် နိုင်ငံများလည်း တက်ရောက်ခဲ့ကြသည်။