
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်ဦးကျော်ဆန်းတို့သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၁၇ ရက်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကျင်းပသော 1st International Symposium of the AACC Secretariat for Research and Development သို့တက်ရောက်ခဲ့ကြသည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် ကိုရီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ တူရကီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့်အဆင့်တူတရားရုံးများအဖွဲ့ဝင် နိုင်ငံများလည်း တက်ရောက်ခဲ့ကြသည်။