နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိ အမြင် ဗဟုသုတများ ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် International IDEA (Institute For Democarcy and Electoral Assistance) တို့ ပူးပေါင်း၍ “Empirical study on Sub-State Constitutions in Federal Systems” အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်က အဖွင့်အမှာစကား ပြောကြားပြီး International IDEA မှ ဌာနေကိုယ်စားလှယ် Mr. Mark McDowell က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် International IDEA ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း အစီအစဉ်မှ အကြီးတန်းအရာရှိ Dr. Kimana Zulueta-Fulscher နှင့် အီဒင်ဘရာတက္ကသိုလ် ဥပဒေပညာဌာနမှ ကထိက Dr. Asanga Welikala တို့ ပါဝင်လျက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပပြုလုပ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ခုံရုံးသုတေသန အဖွဲ့မှ အရာထမ်းများ၊ IDEA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။