Main menu

အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့်အဆင့်တူတရားရုံးများအဖွဲ့၏ တတိယအကြိမ်မြောက် ညီလာခံတက်ရောက်

Wed, 12/12/2018 - 12:50 -- admin

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ခင်ဌေးကြွယ်နှင့် ဒေါ်လှမျိုးနွယ်တို့သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တရားသူကြီးချုပ်၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၁၆ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသော အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့်အဆင့်တူတရားရုံးများအဖွဲ့၏ တတိယအကြိမ်မြောက်ညီလာခံသို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် ကိုရီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့်အဆင့်တူတရားရုံးများအသင်း၏ အဖွဲ့ဝင် နိုင်ငံများတက်ရောက်ခဲ့ကြသည်။