Main menu

အိန္ဒိယနိုင်ငံ JNU တက္ကသိုလ်တွင် တက်ရောက်ခဲ့သည့် အတွေ့အကြုံရှင်းလင်းပွဲ ပြုလုပ်ခြင်း

အိန္ဒိယနိုင်ငံ JNU တက္ကသိုလ်တွင် တက်ရောက်ခဲ့သည့် အတွေ့အကြုံများရှင်းလင်းပွဲကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။  အခမ်းအနားတွင် အိန္ဒိယနိုင်ငံ JNU တက္ကသိုလ်တွင် အင်္ဂလိပ်စာသင်တန်းများ တက်ရောက်ခဲ့ကြသည့် လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါ်မေကျော့မှူး၊ ဒေါက်တာမေဆုလှိုင်၊ ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ဒေါ်ညိုမီခိုင်တို့က သင်တန်းတက်ရောက်ခဲ့ခြင်းအတွက် ရရှိခဲ့သည့် အကျိုးကျေးဇူးများ၊ အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ခုံရုံးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့ကြသည်။