တရုပ်-မြန်မာနယ်နိမိတ်သတ်မှတ်ရေးစာချုပ်နှင့်ပတ်သက်သောလွှဲအပ်မှု
လွှဲအပ်မှုအမှတ်(၁) ၁၉၆၀ ခုနှစ်
အကြောင်းအရာ။ ။ နိုင်ငံတော်သမတက ၁၉၆၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထိုစဉ်က ပြည်ထောင်စုမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးနေဝင်းနှင့်တရုပ်ပြည်သူ့ သမ္မတ နိုင်ငံအစိုးရ ဝန်ကြီးချုပ်ချူအင်လိုင်တို့သည် တရုတ်ပြည်နှင့် မြန်မာပြည်နယ်နိမိတ်သတ်မှတ်ရေး နှင့်နယ်မြေအချို့ လဲလှယ်ရေးအတွက် သဘောတူစာချုပ်ချုပ်ဆိုကြသည့် ကိစ္စနှင့်စပ်လျဉ်း၍ ပေါ်ပေါက်လာသော ပြဿနာကိုဆုံးဖြတ်ချက်ရယူရန်လွှဲအပ်မှု။
ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေပုဒ်မ ၂၁၃(၂) "သဘောတူညီချက်ပေးခြင်း" "ဥပဒေ ပြုခြင်း"၏ အဓိပ္ပာယ်အကျုံးဝင်သည့်အချက်များ၊ပါလီမန်သို့အပ်နှင်းထားသည့် လုပ်ငန်းများ။
၁၉၆၀ပြည့်နှစ်ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထိုစဉ်က ပြည်ထောင်စု မြန်မာနိုင်ငံတော် ဝန်ကြီး ချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးနေဝင်းနှင့်တရုတ်ပြည်သူ့သမတ နိုင်ငံအစိုးရဝန်ကြီးချုပ် မစ္စတာ ချူအင်လိုင်တို့သည် တရုပ်ပြည်နှင့် မြန်မာပြည်နယ်နမိတ်သတ်မှတ်ရေးနှင့်နယ်မြေအချို့ လဲလှယ် ရေးတွက် သဘောတူစာ ချုပ်ချုပ်ဆိုရာ ထိုသဘောတူစာချုပ်၏ အပိုဒ်၂(၂)နှင့် အပိုဒ်(၃) တို့၌ဖော်ပြထားသောဥပဒေပြုရန်လိုသော သို့တည်းမဟုတ်ဥပဒေပြုခြင်းကို လိုရန်အကြောင်း ရှိသောအချက်အလက်တို့ ပါဝင်စေကာမူ ထိုသလောတူစာချုပ်အတည်ပြုခြင်းကို ပါလီမန်သည် ဖြွထိုသဘောတူစာချုပ်၏ အပိုဒ်၂(၂)နှင့် အပိုဒ်(၃) တို့၌ဖော်ပြထားသောဥပဒေပြုရန်လိုသော သို့တည်းမဟုတ်ဥပဒေပြုခြင်းကို လိုရန်အကြောင်းရှိသောအချက်အလက်တို့ ပါဝင်စေကာမူ ထိုသလောတူစာချုပ်အတည်ပြုခြင်းကို ပါလီမန်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပုဒ်မ ၂၁၃(၂)အရသဘောတူညီချက်ပေးနိုင်သည်။
၁၉၆၀ပြည့်နှစ်၊ ဇန်နဝါရီလ၂၈ ရက်နေ့တွင် ထိုစဉ်က ပြည်ထောင်စုမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တရုပ်ပြည်သူ့သမတနိုင်ငံအစိုးရဝန်ကြီးချုပ် မစ္စတာ ချူအင်လိုင်တို့သည် တရုပ်ပြည်နှင့် မြန်မာပြည် နယ်နိမိတ်သတ်မှတ်ရေးနှင့်နယ်မြေ အချို့လဲလှယ် ရေးအတွက် သဘောတူစာချုပ်ချုပ်ဆိုရာထိုသဘောတူစာချုပ်အပိုဒ် ၂(၂) နှင့်အပိုဒ်၂(၃) တို့၌ဖော်ပြ ထားသော ဥပဒေပြုရန်လိုသော သို့တည်းမဟုတ် ဥပဒေပြုခြင်းကို လိုရန်အကြောင်းရှိသော အချက်အလက်တို့ပါဝင်စေကာမူ ထိုသဘောတူစာချုပ် အတည်ပြုခြင်းကို ပါလီမန်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၁၃(၂)အရသဘောတူညီချက်ပေးနိုင်သည်။
ပြည်ထောင်အချင်းချင်းသဘောတူညီချက်ကို လက်ခံအတည်ပြုရေးအတွက် ပါလီမန်သည် " သဘောတူညီချက်ပေးခြင်း" နှင့်ဥပဒေပြုခြင်း" တည်းဟူသော ကိစ္စနှစ်ရပ်အနက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ် မ၂၁၃(၂)အရ ဥပဒေပြုခြင်းကို မဆောင်ရွက်မီ သဘောတူညီချက်ပေးခြင်းကို အလျင်ဦးစွာဆောင်ရွက်ရမည်။
"ဥပဒေပြုခြင်း" ဆိုသည်မှာ နည်းအမျိုးမျိုးဖြင့် ဥပဒေအမျိုးမျိုးပြဋ္ဌာန်းခြင်းကိုဆိုလိုသည်။ ပါလီမန်က အခြေခံဥ၌ဒေတွင် ပါရှိသည့် နည်းလမ်းများအတိုင်းအက်ဥပဒေပြဋ္ဌာန်းချက်များသည် ၄င်း ထိုအက်ဥပဒေက လွဲအပ်သည့် အာဏာပိုင်တဦးဦးက နည်းဥပဒေနှင့် စည်းမျဉ်းဥပဒေ ပြုခြင်းများသည် ၄င်းဥပဒေပြုခြင်းဟူသော စကားရပ်၏ အဓိပ္ပာယ်တွင်အကျုံးဝင်လေသည်။ ထို့ကြောင့် အခြေခံဥပဒေပုဒ်မ ၂၁၃(၂)တွင် ပါရှိသည့် ဥပဒေပြုခြင်းဟူသောစကားရပ်တွင် အကျုံးဝင်လေသည်။ ထို့ကြောင့် အခြေခံဥပဒေပုဒ်မ ၂၁၃(၂)တွင် ပါရှိသည့် ဥပဒေပြုခြင်းဟူသောစကားရပ်၏အဓိပ္ပာယ်တွင် ပါလီမန်က အခြေခံဥပဒေအခန်း၆၊ အပိုင်း၅အရ အက်ဥပဒေများပြဋ္ဌာန်းခြင်းသာမက အခန်း၁၁ အရ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေပြုခြင်းလည်းပါဝင်သည်။ ထိုလုပ်ငန်းနှစ်ရပ်လုံးမှာ ပါလီမန်သို့သာလျှင် အခြေခံဥပဒေက ပေးအပ်ထားသော ဥပဒေပြုခြင်းလုပ်ငန်းများဖြစ်သည်။
နိုင်ငံတော်အစိုးရအတွက်။ ။ နိုင်ငံတော်ရှေ့နေချုပ်ကြီး ဦးရန်အောင် နှင့် အစိုးရလွှတ်တော် ရှေ့နေကြီး မစ္စတာ ဂန်ဂူလီတို့ လိုက်ပါဆောင်ရွက်သည်။
လွှတ်တော်ရှေ့နေကြီးများဖြစ်ကြသော ဦးရှိန်ဝန်း၊ ဦးညွန့်ဟန်၊ ပြည်သူ့လွှတ်တော် အမတ် ဦးထွန်းဝင်းနှင့် လွှတ်တော်ရှေ့နေကြီးများဖြစ်သော ဦးဘဆွေ၊ ဦးဧမောင်တို့အားကြားနာသည်။
တရားဝန်ကြီးဦးချန်ထွန်း။ ။တရုပ်မြန်မာနယ်နိမိတ် ပြဿနာဆိုင်ရာသဘောတူစာချုပ် နှင့် စပ်လျှဉ်း၍ နိုင်ငံတော်သမတသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၅၁ အရ၊ ဤရုံးတော်သို့ အောက်ပါအတိုင်းလွှဲအပ်ခဲ့လေသည်။
၁။ ၁၉၆၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထိုစဉ်က ပြည်ထောင်စုမြန်မာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ဝန်ကြီးချုပ်မစ္စတာချူအင်လိုင်တို့သည် တရုတ်ပြည်နှင့်မြန်မာပြည်နယ်နိမိတ် သတ်မှတ်ရေးနှင့် နယ်မြေအချို့လဲလှယ်ရေးအတွက် သဘောတူစာချုပ်ချုပ်ဆိုကြ ပါသည်။
၂။ ထိုသဘောတူစာချုပ်မိတ္တူကို၊ အလွယ်တကူ ကြည့်ရှုနိုင်စေရန် ပူးတွဲပေးပို့ပါသည်။
၃။ ၁၉၆၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် နိုင်ငံတော်အစိုးရက၊ ထိုသဘောတူစာချုပ် အတည်ပြုခြင်းကို သဘောတူညီချက်ပေးရန် ပါလီမန်သို့တင်ပြသဖြင့်၊ ပါလီမန်သည် ထိုစာချုပ် အတည်ပြုခြင်းကို ထိုနေ့ကပင်သဘောတူခဲ့ပါသည်။
၄။ ၁၉၆၀ ပြည့်နှစ်၊ မေလ၁၄ရက်နေ့တွင် ထိုသဘောတူစာချုပ်ကို အတည်ပြု၍၊ အတည်ပြု စာချွန်တော်များကို တစ်ပြည်နှင့်တစ်ပြည် အပြန်အလှန်ကမ်းလှမ်းကြပါ သည်။
၅။ ထိုအကြောင်းအရာများနှင့်စပ်လျဉ်း၍၊ တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက် ကိုယူရလောက်အောင်ပြည်သူများအတွက် အရေးကြီးသည်ဟူသောဥပဒေကြောင်း ဆိုင်ရာပြဿနာ နှစ်ရပ် အောက်ပါအတိုင်းပေါ်ပေါက်လာပါသည်-
(၁) ပါလီမန်သည်၊ အထက်ပါ အပိုဒ်၃တွင် ဖော်ပြထားသည့်အတိုင်း သဘောတူ စာချုပ်အတည်ပြုရေးအတွက် ထိုစာချုပ်၏ အပိုဒ်၂(၂) နှင့်အပိုဒ် ၂ (၃)တို့ ၌ ပါဝင်သောအချက်အလက်တို့ကြောင့် သဘောတူချက်ပေးနိုင် ပါသလော။
(၂) ပါလီမန်က ဤသို့သဘောတူချက်ပေးခဲ့ခြင်းသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့်ဆန့်ကျင်ပါက၊ ထိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ညီညွတ် အောင် မည်သို့အရေးယူဆောင်ရွက်ရပါမည်နည်း။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အပိုဒ် ၁၅၁ အရ၊ ဤပြဿနာ ၂ ရပ်ကို စဉ်းစားအစီရင် ခံနိုင်စေရန်၊တရားလွှတ်တော်ချုပ်သို့လွှဲအပ်ပါကြောင်းဖော်ပြထားပါသည်။
ပထမပြဿနာတွင် ရည်ညွှန်းထားသော အဆိုပါစာချုပ်၏ အပိုဒ် ၂ (၂) နှင့် အပိုဒ် ၂ (၃) တို့မှာ အောက်ပါအတိုင်းဖြစ်သည်-
၂။ (၂) တရုတ်ပြည်ကပိုင်ဆိုင်သော ဖီမော်၊ ဂေါ်လန်နှင့်ကန်ဖန်ဒေသကို မြန်မာအစိုးရက တရုတ်ပြည်သို့ပြန်လည်ပေးအပ်ရန်သဘောတူသည်။ တရုတ်ပြည်သို့ပြန်လည် ပေးအပ်ရန်ဖြစ်သော ဤဒေသ၏ အကျယ်အဝန်းနှင့်စပ်လျဉ်း၍ ၁၉၅ရခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နှင့် ၁၉၅ရ ခုနှစ်၊ဇူလိုင်လ ၂၆ရက်နေ့အသီးသီးတွင် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံအစိုးရတို့က မြေပုံများပေါ်တွင်မှတ်သားလျက် တင်ပြသော အဆိုပြုချက်များနှင့် လျော်ညီစွာပူးတွဲကော်မတီက နှီးနှောဆုံးဖြတ် သတ်မှတ်ရမည်။ တရုတ်ပြည်သို့ ပြန်လည်ပေးအပ်ရန်ဖြစ်သောဤဒေသ အကျယ် အဝန်းကိုဆုံးဖြတ်ပြီးသည်နောက်၊ တရုတ်-မြန်မာနယ်နမိတ်၏ ဤအစိတ်အပိုင်း အတိအကျတည်နေပုံကို သက်ဆိုင်ရာမြေပေါ်တွင် တိုင်းထွာမှုပြုရန်နှင့် နယ်နမိတ် မှတ်တိုင်များစိုက်ထူရန် ပူးတွဲကော်မတီသည် တစ်ဖက်တစ်ဖက်စီမှ ပုဂိ္ဂုလ်ဦးရေ အညီအမျှပါဝင်သော ပူးတွဲမြေတိုင်းအဖွဲ့များကို စေလွှတ်ရမည်။
(၃) နမ်ဝမ်နှင့် ရွှေလီမြစ်များဆုံရာအရပ်၌ တည်ရှိ၍၊ တရုတ်ပြည်က ပိုင်ဆိုင်လျက် မြန်မာပြည်သို့ငှားထားသော မိုင်းမောတြိဂံဒေသ (ြောတညေ ဗျျငါညနိ ွှမခေအ) ဆိုင်ရာ ''ထာဝစဉ်အငှားစာချုပ်ကို'' ဖျက်သိမ်းရန်အလို့ငှာ၊ ထိုဒေသကို ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်မြေတစိတ်တဒေသ ဖြစ်စေခြင်းငှာ မြန်မာပြည်သို့ လွှဲပြောင်းပေးရန်တရုတ်အစိုးရကသဘောတူသည်။ မိုင်းမောတြိဂံ ဒေသနှင့်လဲလှယ်သောအားဖြင့် ပန်ဟုံ နှင့် ပန်လောင် လူမျိုးများအုပ်ချုပ်သည့် နယ်မြေဒေသများကို တရုတ်ပြည်၏ နယ်မြေတစိတ်တဒေသ ဖြစ်စေခြင်းငှာ၊ တရုတ်ပြည်သို့လွှဲပြောင်းပေးရန် မြန်မာအစိုးရကသဘောတူသည်။ ယင်းနယ်မြေ ဒေသများသည် ၁၉၄၁ ခုနှစ်၊ ဇွန်လ၁၈ ရက်နေ့တွင် တရုတ်အစိုးရ နှင့် ဗြိတိသျှ အစိုးရတို့ အပြန်အလှန်ပေးစာများ ဖော်ပြပါရှိသော နမ်တင်းနှင့်နမ်ဖမြစ်ဆုံမှ နယ်နမိတ်၏ သတ်မှတ်ပြီးသောတောင်ဘက်အစိတ်အပိုင်းပေါ်ရှိ အမှတ် ၁ နယ်နမိတ်မှတ်တိုင်အထိဖြစ်သော နယ်နမိတ်မျဉ်း၏အနောက်ဘက်တွင်ကပ်လျက် ရှိကြသည်။ တရုတ်ပြည်သို့လွှဲပြောင်းပေးရန်ဖြစ်သော ဤနယ်မြေဒေသများ၏ အကျယ်အဝန်းနှင့် စပ်လျဉ်း၍၊ ၁၉၅ရ ခုနှစ်၊ဇူလိုင်လ ၂၆ ရက်နေ့နှင့် ၁၉၅၉ ခုနှစ်၊ဇွန်လ ၄ ရက်နေ့ အသီးသီးတွင် တရုတ်နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံအစိုးရ တို့က မြေပုံများပေါ်တွင်မှတ်သားလျက်အဆိုပြုထားကြသည်။နှစ်နိုင်ငံအစိုးရတို့၏ အဆိုပြုချက်များတွင် ထပ်တူထပ်မျှဖြစ်သောနယ်မြေဒေသကို တရုတ်ပြည်သို့ လွှဲပြောင်းပေးမည်။ပန်ဟုံလူမျိုးများ အုပ်ချုပ်သည့်နယ်မြေဒေသနှင့် စပ်လျဉ်း၍၊ နှစ်နိုင်ငံအစိုးရတို့၏ အဆိုပြုချက်များ၌ ခြားနားချက်ရှိရာ၊ ထိုခြားနားသော နယ်မြေဒေသသည် ပန်ဟုံလူမျိုးများအမှန်အုပ်ချုပ်သည့်နယ်မြေ ဟုတ်သည်–မဟုတ်သည်ကို ထိုနယ်မြေသို့ သွားရောက်စုံစမ်း၍၊ တရုတ်ပြည်သို့ လွှဲပြောင်း ပေးရမည်၊ မပေးရမည်ကို ဆုံးဖြတ်ရန်အတွက် တစ်ဖက်တစ်ဖက်စီမှ ပုဂိ္ဂုလ်ဦးရေ အညီအမျှပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ပူးတွဲကော်မတီကစေလွှတ်ရမည်။ တရုတ် ပြည်သို့လွှဲပြောင်းပေးမည့် ပန်ဟုံနှင့်ပန်လုံ လူမျိုးများ အုပ်ချုပ်သည့် နယ်မြေဒေသ များ၏ အကျယ်အဝန်းကို ဤနည်းအားဖြင့် ဆုံးဖြတ်ပြီးသည့်နောက်၊ တရုတ်–မြန်မာနယ်နိမိတ်၏ဤအစိတ်အပိုင်းအတိအကျတည်နေပုံကို သက်ဆိုင်ရာမြေပေါ် တွင် တိုင်းထွာမှုပြုရန်နှင့် နယ်နိမိတ်မှတ်တိုင်များ စိုက်ထူရန်ပူးတွဲကော်မတီသည် တစ်ဖက်တစ်ဖက်စီမှ ပုဂိ္ဂုလ်ဦးရေအညီအမျှပါဝင် သော ပူးတွဲမြေတိုင်းအဖွဲ့များကို စေလွှတ်ရမည်။
နိုင်ငံတော်အစိုးရက ထိုသဘောတူစာချုပ်ကို လက်ခံအတည်ပြုရေးအတွက် သဘော တူညီချက်ပေးရန် ပါလီမန်သို့တင်ပြခြင်းသည်လည်းကောင်း၊ ပါလီမန်ကသဘောတူညီချက်ကို ပေးခဲ့ခြင်းသည်လည်းကောင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၁၃(၂ ) ပြဋ္ဌာန်းချက်များကို လိုက်နာသောသဘောဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ပုဒ်မ ၂၁၃(၂) မှာ အောက်ပါအတိုင်းဖြစ်သည်-
ပုဒ်မ ၂၁၃ (၂) သဘောတူညီချက်အတိုင်းအထမြောက်အောင်ဆောင်ရွက်ရေး အတွက်၊ ဥပဒေပြုရန်လိုသော၊ သို့တည်းမဟုတ် ဥပဒေပြုခြင်းကိုလိုရန် အကြောင်း ရှိသော ပြည်ထောင်အချင်းချင်းသဘောတူညီချက်ကို ပါလီမန်ကသဘော မတူခဲ့သော် လက်ခံအတည်မပြုရ။
ပါလီမန်သည် ထိုသဘောတူစာချုပ် အတည်ပြုရေးအတွက် ဤကဲ့သို့သဘောတူညီချက်ကို ပေးနိုင်သလောဟူသော ပထမပြဿနာအဖြေကို အလွယ်တကူနှင့် ပြတ်သားထင်ရှားစွာသိမြင်စေနိုင် သောနည်းလမ်းတစ်ခုရှိကြောင်းထိုနည်းလမ်းမှာအောက်ပါပုစ္ဆာအဖြေကိုစိစစ်ရယူခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ပြည်ထောင်ချင်းချင်းသဘောတူညီချက်ကို လက်ခံအတည်ပြုရေးအတွက် ပါလီမန်သည် ''သဘောတူညီချက်ပေးခြင်း'' နှင့် ''ဥပဒေပြုခြင်း'' တည်းဟူသော ကိစ္စနှစ်ရပ်အနက်မည်သည့် ကိစ္စကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အလျင်ဦးစွာ ဆောင်ရွက်ရမည်နည်း။
ဤပုစ္ဆာကိုဖြေရန်အလို့ငှာ '' ဥပဒေပြုခြင်း '' ဟူသော စကားရပ်၏အဓိပ္ပာယ်ကို ဦးစွာ ကောက်ယူရပေမည်။ ဥပဒေပြုခြင်းဆိုသည်မှာ နည်းအမျိုးမျိုးဖြင့် ဥပဒေအမျိုးမျိုးပြဋ္ဌာန်းခြင်းကို ဆိုလိုကြောင်း ပါလီမန်ကအခြေခံဥပဒေတွင်ပါရှိသည့် နည်းလမ်းများအတိုင်း အက်ဥပဒေပြဋ္ဌာန်း ခြင်းများသည်လည်းကောင်း၊ ထိုအက်ဥပဒေတွင်လွှဲအပ်သည့် အာဏာပိုင်တစ်ဦးဦးကနည်းဥပဒေနှင့် စည်းမျဉ်းဥပဒေပြုခြင်းများသည်လည်းကောင်း ဥပဒေပြုခြင်းဟူသောစကားရပ်၏ အဓိပ္ပာယ်တွင် အကျုံးဝင်ကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေပုဒ်မ ၂၁၃(၂) တွင်ပါရှိသည့် ဥပဒေပြုခြင်းဟူသော စကားရပ်၏အဓိပ္ပာယ်တွင်ပါလီမန်က အခြေခံဥပဒေအခန်း၆၊ အပိုင်း၅အရ၊ အက်ဥပဒေများ ပြဋ္ဌာန်းခြင်းသာမက အခန်း၁၁အရ၊ အခြေခံဥပဒေကိုပြင်သည့် ဥပဒေပြုခြင်းလည်းပါဝင်ကြောင်း၊ ထိုလုပ်ငန်းနှစ်ရပ်လုံးမှာ ပါလီမန်သို့သာလျှင် အခြေခံဥပဒေကပေးအပ်ထားသော ဥပဒေပြုခြင်း လုပ်ငန်းများဖြစ်သည်မှာအလွန်ထင်ရှားသည်။
ထို့ကြောင့်အခြေခံဥပဒေအခန်း၆၊ အပိုင်း၅ အရ အက်ဥပဒေအသစ် သို့မဟုတ် တည်ဆဲဥပဒေကိုပြင်သည့် အက်ဥပဒေပြုရန် ၄င်း အခန်း၁၁အရ အခြေခံဥပဒေကိုပြင်သည့် ဥပဒေပြုရန်၄င်း လိုသော သို့တည်းမဟုတ် လိုရန်အကြောင်းရှိသောပြည်ထောင်ချင်းချင်း သဘောတူ ညီချက်ကို နိုင်ငံတော်အစိုးရက လက်ခံအတည်ပြုရေးအတွက် ပါလီမန်က ဥပဒေပြုခြင်းကို မဆောင်ရွက်မီ သဘောတူညီချက်ပေးခြင်းကို ဆောင်ရွက်ရမည်သာဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် (အကယ်၍ ဥပဒေပြုခြင်းကို အလျင်ဦးစွာဆောင်ရွက်ရန်လိုအပ်သဖြင့်) ဥပဒေကို ပြဋ္ဌာန်းပြီး ဖြစ်ပါမူသဘောတူညီချက်ပေးခြင်းကိုဆောင်ရွက်ရန်မလိုတော့ချေ။ သဘောတူညီချက် ပေးခြင်းကိုလည်း ပြုရဦးမည်ဟု ဆိုခြင်းမှာ အဓိပ္ပာယ်လုံးဝမ၇ှိချေ။ သို့ဖြစ်၍ အခြေခံဥပဒေပုဒ်မ ၂၁၃(၂) အရ ပါလီမန်က သဘောတူညီချက်ကိုပေးရန်မှာ ဥပဒေပြုခြင်းကိစ္စကို မဆောင်ရွက် မီဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်နှင့် အညီမိမိပိုင်နယ်မြေများကို အခြားတိုင်းတပါးသို့ လွဲပြောင်းပေးလိုက လွဲပြောင်းပေးနိုင်သည့် အာဏာနှင့်အခွင့် အရေးရှိသည်ဟူသော အချက်ကို မည်မျှမငြင်းနိုင်ပေ။ လွတ်လပ်သောနိုင်ငံတို့၏ အခြေခံဂုဏ်အင်္ဂါမျှသာဖြစ်သည်။ ဤရုံးတော်ရှေ့တွင် လိုက်လဲဆောင်ရွက်ကြသူအားလုံးတို့ကလည်း ဤ အချက်ကို သဘောတူဝန်ခံကြသည်။ ဖ၊ဆ၊ပ၊လ (ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့ လွတ်မြောက်ရေး) အဖွဲ့ကိုယ်စား လျှောက်လဲကြသူများက ပြောဆိုကြသည်မှာ တည်ဆဲ အခြေခံ ဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံပိုင် နယ်မြေများကို တိုင်းတပါးသို့ လွှဲပြောင်းပေးနိုင်သော အာဏာသည် နိုင်ငံတော်အစိုးရတွင်မရှိသောကြောင့် လွှဲပြောင်းပေးပါမည်ဟူသော ကတိကိုလည်း ပဋိညာဉ်ပြုခွင့်မရှိကြောင်း လိုအပ်သည့်အာဏာရရှိနိုင်ရန် အခြေခံဥပဒေကို ရှေးဦးစွာသင့်လျှော် သလို ပြင်ဆင်ရမည်ဖြစ်ကြောင်း။
ဤအဆိုပြုချက် မှန်ကန်လျှင် ပုဒ်မ ၂၁၃ (၂) ပါ ပြဋ္ဌာန်းချက်များမှာ လုံးဝ အဓိပ္ပာယ်မရှိတော့ချေ။ ဤအမှုတွင် သက်ဆိုင်သည့် သဘောတူညီချက်စာချုပ်မှာ ရှေ့ပြေး သဘောတူညီချက်စာချုပ်မျှသာဖြစ်သည်။ ဤသို့သောရှေ့ပြေးသဘောတူညီချက်စာချုပ်ကို မဆို ထားဘိ ဤစာချုပ်တွင်ရည်ညွှန်းထားသည့် နယ်မြေလွှဲပြောင်းလဲလှယ်ပေးအပ်သည့် အပြီးသတ် သဘောတူညီချက်စာချုပ်ကို လက်ခံအတည်ပြုရနါအကြောင်းပေါ်ပေါက်လာသောအခါပင်လျှင် လိုအပ်သော အခြေခံဥပဒေကိုပြင်ဆင်သည့်ဥပဒေပြုခြင်းကို မဆောင်ရွက်မီ သဘောတူညီချက် ပေးခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံပိုင် နယ်မြေကို လွှဲပြောင်းပေးအပ်ခြင်းအထမြောက်အောင် ဆောင်ရွက်ရေးအတွက်အခြေခံဥပဒေကို သင့်လျော်သလို ပြင်ရမည်မှာ မုချဖြစ်သည်။ သို့ရာတွင် ပါလီမန်က ဤကိစ္စမျိုးကို သဘောတူညီချက်ပေးပြီးသော နောက်ကာလတွင်မှ ဆောင်ရွက်ရန်ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သောကြောင့် အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း မိမိပိုင်နယ်မြေကို တိုင်းတပါးသို့လွဲပြောင်းပေးလိုက လွှဲပြောင်းပေးနိုင်သည့်အာဏာရှိလေရာနယ်မြေလွှဲပြောင်းပေးရန်ပဋိညာဉ်မျိုးပါဝင်သော ဤ တရုပ- မြန်မာနယ်နိမိတ်ပြဿနာဆိုင်ရာသဘောတူစာချုပ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကိုယ်စား နိုင်ငံတော်အစိုးရက ချုပ်ဆိုပိုင်ခွင့်ရှိသည်။ အဆိုပါ အာဏာကိုကျင့်သုံးသော အခါတွင်မူကား အခြေခံဥပဒေနှင့်ညီညွတ်စေရမည်ဖြစ်သည်။ ထို့ကြောင့် အခြေခံဥပဒေအရ နည်းလမ်းတကျ ဆောင်ရွက်ခြင်းဖြင့်မြန်မာနိုင်ငံတော် အစိုးရသည် ဤစာချုပ်တွင်ပါရှိသည့် ပဋိညာဉ်တာဝန်များကို ပြေလည်အောင် ဆောင်ရွက်နိုင်စွမ်းရှိသည်ဟုဆိုရပေမည်။ ပါလီမန်ကလည်း ထိုစာချုပ်တွင် ပါရှိသည့် ကိစ္စရပ်များကို မူအားဖြင့် သဘောတူကြောင်းဖြင့်ထုတ် ဖော်ပြဆိုသော အနေဖြင့် သဘောတူညီချက်ပေးနိုင်သည်။
ထို့ကြောင့် နိုင်ငံတော်သမတကလွဲအပ်သည့် ပြဿနာနှစ်ရပ်ကိုအောက်ပါအတိုင်း ဖြေဆို လိုက်သည်။
(၁) ပါလီမန်သည် ဤ တရုပ်-မြန်မာ နယ်နိမိတ် ပြဿနာဆိုင်ရာသဘောတူစာခုပ်ကို နိုင်ငံတော် အစိုးရက လက်ခံအတည်ပြုရေးအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၁၃(၂) အရ သဘောတူညီချက်ပေးနိုင်သည်။
(၂) ပထမပြဿနာ၏ အဖြေကို ထောက်ထားသောအားဖြင့် ဒုတိယပြဿနာကို ဖြေဆိုရန်မလိုပါ။