နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၆-၁၀-၂၀၂၃ ရက်နေ့၊ နံနက် ဝ၉:၃၀ နာရီအချိန်တွင် သုတေသနစာတမ်းများဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်က “ဘရူနိုင်းဒါရူဆလမ်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်း လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးစောညီညီလွင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဟေမာသိန်းတို့က“ကာဂျစ်သမ္မတနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးကဆုံးဖြတ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအမှုအား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်း ခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်းကြီးကြပ်သူများဖြစ်ကြသော ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း နှင့် ခုံရုံးအဖွဲ့ဝင် ဒေါ်နန်းစန္ဒာစမ်းတို့က သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။