
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ၁၈-၉-၂၀၂၃ ရက်နေ့မှ ၁၃-၁၀-၂၀၂၃ ရက်နေ့ အထိ ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့သည့် ရုံးလုပ်ငန်းနှင့်ကွန်ပျူတာအသုံးပြုခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားအား ၁၇-၁၀-၂၀၂၃ ရက်နေ့ မွန်းလွဲ ၁၄း၀၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရှိ ရုံးခန်းအမှတ်(၂)တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က သင်တန်းဆင်း အမှာစကား ပြောကြားရာ၌ “ သင်တန်းသား/သူများသည် သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးမြောက်ခဲ့ကြ ပြီးနောက် မိမိတို့တာဝန်ကျရာ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ရက်သတ္တ (၄) ပတ် ကာလကြာမြင့်အောင် လက်တွေ့ရောစာတွေ့ပါ သင်ယူခဲ့ပြီးဖြစ်သည့်အပြင် ဝန်ထမ်း တစ်ယောက်ထမ်းဆောင်ရမည့်တာဝန်များ၊ လိုက်နာစောင့်ထိန်းရမည့် ဝန်ထမ်းကျင့်ဝတ်များ၊ ရုံးမှ အခါအားလျော်စွာ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိ၍ လေးစားလိုက်နာပြီး ဝန်ထမ်းကောင်းတစ်ယောက်အနေဖြင့် မိမိတို့အား ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိတို့၏ လုပ်ရည်ကိုင်ရည်၊ စွမ်းဆောင်ရည် များကို တိုးတက်စေရန် မိမိတို့၏ အရည်အချင်းများကို ယခုထက်ပို၍ တိုးတက်စေရန် ကြိုးစား ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့ပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်မှ သင်တန်းတွင် ထူးချွန်ဆုရရှိသူ သင်တန်းသူနှင့် သင်တန်းသား များအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ပါသည်။
![]() |