Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ကြားခြင်း အခမ်းအနား

       နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌  ၁၂-၁၀-၂၀၂၃ ရက်၊ ဝ၉:၃၀ နာရီအချိန်တွင် သုတေသနစာတမ်းများဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာစုဝါထွေးနှင့် ရုံးအုပ် ဒေါ်ဖြိုးကေခိုင်တို့က “မော်လ်တာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးအကြောင်းလေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်ခင်က “၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပုဒ်မ ၁၅၁ အရ နိုင်ငံတော်သမ္မတ၏ လွှဲအပ်မှုအမှတ် ၃/၁၉၅၂ အားလေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများ မေးမြန်း ခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်းကြီးကြပ်သူများဖြစ်ကြသော ခုံရုံးအဖွဲ့ဝင်  ဦးခင်မောင်ဦးနှင့် ခုံရုံးအဖွဲ့ဝင် ဒေါ်နန်းစန္ဒာစမ်းတို့က သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။