.jpg?itok=_6fNsnkI)
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၇-၉-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျနှင့် ဒုတိယဦးစီးမှူး ဒေါ်ဟေမာသိန်းတို့က “ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာလွှဲအပ်မှုအမှတ် (၂/၁၉၆၀)အား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိစိုးနှင့် ဒုတိယဦးစီးမှူး ဒေါ်လှဆန်းဝင်းတို့က “ဘူလ်ဂေးရီးယား နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးစီရင်ချက်များ၏ ဥပဒေဆိုင်ရာအကျိုးသက်ရောက်မှုများ” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်း ခြင်းနှင့်ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်းကြီးကြပ်သူ ခုံရုံးအဖွဲ့ဝင် ဒေါ်နန်းစန္ဒာစမ်းနှင့် ဒေါက်တာမာလာအောင်တို့က သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
![]() |
![]() |