
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းမိသားစုတို့၏ ၂၀၂၃ ခုနှစ်၊ ဧကာဒသမ အကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၊ ရုံးခန်းအမှတ်(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ အခမ်းအနားတက်ရောက်လာသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်များက နမော တဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြင့်ထူးသာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပါသည်။
ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး မြင့်ထူးသာကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာ တရားတော်များနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ဆက်လက်၍ ဗုဒ္ဓသာသနာစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်ဦးဆောင်သည့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။
![]() |
![]() |
![]() |
![]() |