Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

     နိုင်ငံတော်၏ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်၊ အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင်စောင့်ရှောက်နိုင်ရန်နှင့် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးပိုင် စိုက်ပျိုးမြေဧရိယာ အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်ဦးဆောင်သည့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပြီး သတ်မှတ်နေရာများတွင် ရတနာတန်းဝင်ကျွန်းပင်များကို ခုံးရုံးဥက္ကဋ္ဌမှ ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ထမ်းများ၏ ကျွန်းပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

   ယနေ့ကျင်းပသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင်ကျွန်းပင် စုစုပေါင်း (၄၂၂) ပင်ကို စိုက်ပျိုးခဲ့ပါသည်။ အလားတူ ယမန်နှစ်တွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ၍ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ယမနေ၊ ယင်းမာ၊ စိန်ပန်း၊ ကုက္ကို၊ သစ်ပိတောက်၊ မန်ဂျန်ရှားနှင့် ဝါးမျိုးစုံအပါအဝင် စုစုပေါင်း (၆၆၅) ပင်အား စိုက်ပျိုးခဲ့ရာ (၉၀) ရာခိုင်နှုန်း ရှင်သန်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။