Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ကြားခြင်း အခမ်းအနား

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌  ၂၂-၆-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းက “ပြင်သစ်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိစိုးနှင့် ရုံးအုပ်ဒေါ်ဖြိုးကေခိုင်တို့က “အဇာဘိုင်ဂျန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဆုံးဖြတ် ခဲ့သည့်အမှုအား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြား ရှင်းလင်း တင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။