Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၂၃-၂၀၂၄ ခု၊ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၂၃-၂၀၂၄ ခု၊ ပညာသင်နှစ်အတွက် ဝန်ထမ်း များ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉း၃၀) နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်းအမှတ်(၂)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေး တက်ရောက်၍အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

      ထို့နောက် အဖွဲ့ဝင် ဦးကျော်မင်းက ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဂုဏ်ထူးတစ်ဘာသာဖြင့်အောင်မြင်ခဲ့သော ဦးစိုးလွင်၏သမီး ဂုဏ်ထူးရကျောင်းသူ မနန်းအိမွန်အား ငွေကျပ်တစ်သိန်း ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ပါသည်။

    ဆက်လက်၍ အဖွဲ့ဝင် ဒေါ်နန်းစန္ဒာစမ်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များတွင်‌ပညာဆက်လက်သင်ယူမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၄၉ ဦး အတွက် ပညာသင်ထောက်ပံ့ကြေးငွေ စုစုပေါင်း ၁၄၉၀၀၀ဝိ/- (ကျပ်တစ်ဆယ့်လေးသိန်းကိုးသောင်း) တိတိကိုပေးအပ်ခဲ့ရာ ကျောင်းသားမိဘများကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဦးစောညီညီလွင်မှ လက်ခံရယူခဲ့ပါသည်။ ၎င်းနောက် ကျောင်းသားမိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ညွှန်ကြားရေးမှူး ဦးကျော်ဇေယျမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။