Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ကြားခြင်း အခမ်းအနား

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌  ၈-၆-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချစ်အေးအေးကြည်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိလဲ့နိုင်တို့ က “ဆီနီဂေါနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကောင်စီအကြောင်း လေ့လာတင်ပြခြင်း” သုတေသန စာတမ်းကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်မွန်ဌေး  တို့က “Execution of the Constitutional Court’s Decisions: Experience of the Constitutional Council of the Republic of Kazakhstan”  သုတေသနစာတမ်းကိုလည်းကောင်း အသီးသီး ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြား ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။