.jpg?itok=nVBpGcj-)
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၇-၄-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချိုမာဌေးနှင့် ဒုတိယဦးစီးမှူး ဒေါ်ယဉ်မျိုးဝင်းတို့က “ပါလက်စတိုင်း နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးအကြောင်းလေ့လာတင်ပြခြင်း”သုတေသနစာတမ်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးအိအိခိုင်တို့က “မြန်မာနိုင်ငံတရားစီရင်ထုံး(လွှဲအပ်မှုအမှတ်၁/၁၉၄၈)(ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ )အားလေ့လာတင် ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြား ရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
![]() |
![]() |
![]() |