Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥဒေဆိုင်ရာခုံရုံးနှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းအခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥဒေဆိုင်ရာခုံရုံးမိသားစု၏         အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်းအခမ်းအနားအား   ၁၇-၄-၂၀၂၃ရက်နေ့ ညနေပိုင်းတွင်  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥဒေ ဆိုင်ရာခုံရုံး၊ ရုံးပရဝုဏ်အတွင်း၌ ကျင်းပရာ အခမ်းအနားကိုနမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး  လေးကျွန်းမဏ္ဍိုင် ကျောင်းတိုက်ဆရာတော် အမှူးပြုသော    သံဃာတော်(၅)ပါးထံမှ ပရိတ်တရားတော် များနာယူကြသည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

        အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး များနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။