.jpg?itok=0m0qpmla)
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၃-၃-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်စည်သူက “ပြည်ထာင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)အကြောင်း”သုတေသနစာတမ်းကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေဆုလှိုင်နှင့် ဒုတိယဦးစီးမှူး ဒေါ်အေးအိအိခိုင်တို့က “ဖိလစ်ပိုင်နိုင်ငံတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့သည့်အမှုအား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြား ရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
![]() |
![]() |
![]() |