.jpg?itok=ffOFkZ8S)
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ၁၂-၁-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဦးကျော်လင်းအောင်က “တန်ဇန်းနီးယားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးအကြောင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ခိုင်နှင့် ဒုတိယဉီးစီးမှူး ဒေါ်ယဉ်မျိုးဝင်းတို့က “ဥဇဘက်ကစ္စတန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥပဒေသစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်များကို အကောင် အထည်ဖော်ရာ၌ တွေ့ကြုံရသည့်အချို့ပြဿနာများအကြောင်း” သုတေသနစာတမ်းကိုလည်းကောင်း ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
![]() |
![]() |