Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ကြားခြင်း အခမ်းအနား

နေပြည်တော်၊ ဒီဇင်ဘာလ ၂၉ ရက်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌  ၂၉-၁၂-၂၀၂၂ ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ  ဒေါက်တာကြည်ကြည်ခင် (ဒုတိယညွှန်ကြားရေးမှူး) က “အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဒေါ်ခင်ရူပါဉီး (လက်ထောက်ညွှန်ကြား ရေးမှူး)နှင့် ဒေါ်လှဆန်းဝင်း(ဒုတိယဉီးစီးမှူး) တို့က “မော်လ်ဒိုက်သမ္မတနိုင်ငံ တရားလွှတ်တော်ချုပ် ကဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်အား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။