Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ကြားခြင်း အခမ်းအနား

နေပြည်တော်၊ နိုဝင်ဘာလ ၂၄ ရက်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌  ၂၄-၁၁-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒေါက်တာခိုင်ဇာသွယ်(ဒုတိယညွှန်ကြားရေးမှူး)နှင့် ဒေါ်မေသန္တာစိုး(ဒုတိယဦးစီးမှူး)တို့မှ“တောင်အာဖရိက နိုင်ငံဖွဲ့စည်းပုံအခြေခံဥပ ဒေအကြောင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဦးငွေထွန်း (ဦးစီးအရာရှိ) မှ “ဂျော်ဒန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်အမှတ် (၂/၂၀၁၈) အား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားတင်ပြခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်းကြီးကြပ်သူအဖွဲ့ဝင်များမှ သုံးသပ်ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။