_0.jpg?itok=UawmkxnS)
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၁၀-၁၁-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒေါက်တာမာလာအောင် (အဖွဲ့ဝင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး) က “Implementation of Constitutional Review: Challenges and Development Trends” သုတေသနစာတမ်းကို လည်းကောင်း၊ ဦးမျိုးမြင့် (လက်ထောက်ညွှန်ကြားရေးမှူး) က “ဂါဘွန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံး” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားတင်ပြခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း/အမှုထမ်း များတက်ရောက်ခဲ့ပါသည်။
![]() |