Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ စာကြည့်တိုက်သို့ စာအုပ်များလှူဒါန်းခြင်း

အောက်တိုဘာလ ၂၂ ရက်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ စာကြည့်တိုက်သို့ ၂၂-၁၀-၂၀၂၂ ရက်နေ့တွင် ကွယ်လွန်သူ ဦးဇော်လင်းမောင်၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ ပဲခူးတိုင်းဒေသကြီး ဥပဒေအရာရှိ(ငြိမ်း)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နိုင်ငံတော်သမ္မတရုံးအကြံပေး (ငြိမ်း)အား ရည်စူး၍ (ဇနီး) ဒေါ်ထူးထူးငွေ၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် (သမီး) ဒေါ်မင်းသီရိဇော် တို့မှ ဥပဒေစာအုပ်အမျိုးမျိုးနှင့် အထွေထွေဗဟုသုတစာအုပ်ဆိုင်ရာစာအုပ် (၂၆၃) အုပ်အား ဒုတိယ အကြိမ် ပေးအပ်လှူဒါန်းခဲ့ပါသည်။ အလှူရှင်များသည် ၁၆-၉-၂၀၂၂ ရက်နေ့တွင် ဤရုံးစာကြည့်တိုက်သို့  ဥပဒေစာအုပ်အမျိုးမျိုးနှင့် အထွေထွေဗဟုသုတဆိုင်ရာစာအုပ် (၂၃၇) အုပ် တို့အား လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

ဒုတိယအကြိမ် လှူဒါန်းမှုအတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ အလှူရှင်များ ထံသို့ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။