Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ကိုယ်စားလှယ်အဖွဲ့ တူကီယဲနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ကျင်းပပြုလုပ်သည့် (၁၀) ကြိမ်မြောက် နွေရာသီသင်တန်းအစီအစဉ်သို့ တက်ရောက်ခြင်း

နေပြည်တော် စက်တင်ဘာလ ၂၃

တူကီယဲနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဦးဆောင်၍ စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ Hybrid စနစ်ဖြင့် ကျင်းပသည့် (၁၀) ကြိမ်မြောက် နွေရာသီသင်တန်း အစီအစဉ်သို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဒေါက်တာချိုမာဌေး (ဒုတိယ ညွှန်ကြားရေးမှူး) နှင့် ဒေါ်အိအိစိုး (လက်ထောက်ညွှန်ကြားရေးမှူး) တို့က video conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

သင်တန်းကို “Interpretation of the Constitution in the Protection of Fundamental Rights and Freedoms” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး AACC အဖွဲ့ဝင်နိုင်ငံ များနှင့် အခြားဖိတ်ကြားထားသောနိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၂၄) နိုင်ငံမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့သည်။ သင်တန်းသို့တက်ရောက်လာကြသည့် နိုင်ငံအလိုက်ကိုယ်စားလှယ်များ က စာတမ်းများ ဖတ်ကြားခဲ့ပြီး အချင်းအချင်း အသိအမြင်နှင့် ဗဟုသုတများဖလှယ်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က “Constitutional Interpretation in Protection of Fundamental Rights and Freedoms in Myanmar” ခေါင်းစဉ်ဖြင့် စာတမ်း ဖတ်ကြားခဲ့သည်။