Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ စာကြည့်တိုက်သို့ စာအုပ်များနှင့်သံဗီရိုလှူဒါန်းခြင်း အခမ်းအနား

နေပြည်တော်၊ စက်တင်ဘာလ ၁၆ ရက်

       နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊အစည်းအဝေးခန်းမ၌၁၆-၉-၂၀၂၂ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင်ကွယ်လွန်သူ ဦးဇော်လင်းမောင်၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ ပဲခူးတိုင်းဒေသကြီး ဥပဒေအရာရှိ(ငြိမ်း)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နိုင်ငံတော်သမ္မတရုံးအကြံပေး(ငြိမ်း)အားရည်စူး၍ (ဇနီး)ဒေါ်ထူးထူးငွေ၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် (သမီး) ဒေါ်မင်းသီရိဇော် တို့မှ ဥပဒေစာအုပ်အမျိုးမျိုးနှင့် အထွေထွေဗဟုသုတစာအုပ်ဆိုင်ရာစာအုပ် (၂၃၇)အုပ်နှင့် သံဗီရို တစ်လုံးတို့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ စာကြည့်တိုက်သို့ပေးအပ်လှူဒါန်းရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက လက်ခံရယူခဲ့ပါသည်။

      ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက လှူဒါန်းမှုအတွက် ကျေးဇူးတင် စကားပြောကြားပြီး အလှူရှင်များထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။

      စာအုပ်လှူဒါန်းသည့်အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ခဲ့ပါသည်။