Main menu

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းလုပ်ငန်းများအတွက် အလှူတော်ငွေထည့်ဝင်လှူဒါန်းခြင်း

နေပြည်တော် စက်တင်ဘာ ၁

         နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားပူဇော်လျက်ရှိသည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ သာသနိကစေတီများဖြစ်သော ပိဋိကတ် ပါဠိတော်၊ အဋ္ဌကထာ၊ ဋိကာ၊ ကျမ်းစာများမြန်မာပါဠိ၊ ရိုမန်အင်္ဂလိပ်ဘာသာဖြင့်  ရေးထိုးပူဇော် ထားသည့်ကျောက်စာရုံစေတီတော် ၇၂၀ ဆူကို တည်ထားလျက်ရှိပါသည်။ အဆိုပါ ကုသိုလ်တော်တွင် စေတီအမှတ် (၁၀၈)အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများ စုပေါင်းကောင်းမှု အဖြစ် လှူဒါန်းငွေကျပ်(၂၇၉၀၀၀၀ဝိ/-)တိတိ (ကျပ်နှစ်ရာခုနှစ်ဆယ်ကိုးသိန်းတိတိ)အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများထံ၌ ပါဝင်လှူဒါန်းခဲ့ပါသည်။