ရန်ကုန်သည် မြန်မာနိုင်ငံတောင်ပိုင်းဒေသ၏ ဗဟို အချက်အချာဒေသဖြစ်သည်။ ရန်ကုန်တိုင်း၏ မြို့တော်သည်လည်း ရန်ကုန်မြို့ဖြစ်ပြီး ယခင်က မြန်မာနိုင်ငံ၏ မြို့တော် လည်းဖြစ်ခဲ့သည်။ ယခုအခါတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွားရေးအချက်အချာကျ မြို့တစ်မြို့ လည်းဖြစ်သည်။ အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်အဆောက်အဦးများ အများဆုံးရှိရာမြို့ဖြစ်ပြီး ကိုလိုနီခေတ် လက်ရာများကို အကောင်းဆုံးထိန်းသိမ်းထားရာ မြို့လည်းဖြစ်သည်။ဆူးလေ ဘုရားဝန်းကျင်ရှိ ကိုလိုနီခေတ်လက်ရာများသည် နှစ်ပေါင်း(၂၀၀၀)ခန့် ရှိပြီး ယင်းပတ်ဝန်းကျင်သည် မြို့တော်၏ စီးပွားရေးအချက်အချာဒေသလည်းဖြစ်သည်။ ရန်ကုန်သည် စဉ်ဆက်မပြတ် ပြောင်းလဲ နေပြီး ခေတ် မီသော မြို့တစ်မြို့ဖြစ်သည့်အပြင် အရှေ့တောင်အာရှ၏ ဆွဲဆောင်မှု အကောင်းဆုံးမြို့များ ထဲတွင် လည်းပါဝင်သည်။ နိုင်ငံ၏ တန်ဖိုးထားမြတ်နိုးရာ အမျိုးသားအထိမ်းအမှတ် တစ်ခုဖြစ်သည့် ရွှေတိဂုံစေတီတော်သည်လည်း ရန်ကုန်မြို့တွင်တည်ရှိပါသည်။
ရန်ကုန်မြို့ကို မြန်မာမင်းဆက်တို့၏ ကုန်းဘောင်ခေတ်အတွင်း အလောင်းမင်းတရားကြီးမှ နာမည်မှည့်တွင် ခေါ်စေခဲ့ခြင်းဖြစ်သည်။ အလောင်းမင်းတရားကြီးသည် ၁၇၇၅ ခုနှစ်တွင် ဒဂုံရွာ လေးအား သိမ်းပိုက် အောင်မြင်ပြီးနောက် “ရန်အပေါင်းအောင်မြင်သောနေရာ” ဟု အဓိပ္ပာယ် ကောက်ယူ၍ ရန်ကုန်ဟု သတ်မှတ်ခဲ့သည်။ ရန်ကုန်မြို့ကို သွားလာရလွယ်ကူသော (၃) လမ်း သွား ပုံစံလမ်းများ၊ လှပသောပန်းခြံများနှင့် အေးချမ်းတိတ်ဆိတ်သောကန်များဖြင့် ဖွဲ့စည်းပြီး ပျား ပန်းခတ်မျှ သွားလာလျက်ရှိသော လမ်းမြောင်များ နှင့် စည်ကားသောဈေးများဖြင့် ဆက်သွယ်ထား သည်။ မကြာသေးမီကာလများအတွင်း ရန်ကုန်မြို့၏ မြို့ပြပုံစံသည် ခေတ်မီသော အဆောက်အဦး များဖြင့် အစားထိုးတည်ရှိလာခဲ့သော်လည်း ကိုလိုနီခေတ် အဆောက်အဦးများတည်ရှိနေခြင်းသည် ယခုတိုင် အဓိက ဆွဲဆောင်မှုတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။
သမိုင်းကြောင်း
ရန်ကုန်မြို့သည် နောက်ကွယ်တွင် ကြွယ်ဝသော သမိုင်းကြောင်း ရှိပါသည်။ ၎င်းသည် ၁၁ ရာစုမှ စတင်ကာ ဗမာပြည်အောက်ပိုင်းတွင် နေထိုင်သော မွန်များနှင့် ဒဂုံဟုခေါ်ဝေါ်သောအချိန်တွင် တည်ရှိသည်။ ရွှေတိဂုံဘုရားပတ်၀န်းကျင်တွင် တည်ရှိသော ငါးဖမ်းရွာလေးတစ်ရွာ ဖြစ်သည်။ ၁၇၅၅ ခုနှစ်တွင် အလောင်းဘုရားသည် ဒဂုံကို သိမ်းပိုက်လိုက်သောအခါ မြို့၏ အမည်ကို ရန်ကုန်ဟု ပြောင်းလဲအမည်ခေါ်တွင်စေခဲ့သည်။ ဗြိတိသျှတို့သည် ပထမအင်္ဂလိပ် – မြန်မာစစ်ပွဲ (၁၈၂၄-၁၈၂၆) အပြီး၌ ရန်ကုန်ကို သိမ်းပိုက်ပြီး ဗမာအုပ်ချုပ်ရေးသို့ ပြန်လည်ပေးအပ်ခဲ့သည်။ ၎င်းတို့သည် ရန်ကုန်ကိုသိမ်းယူပြီး ၁၈၅၂ ခုနှစ်တွင် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် ဗမာကို ပြောင်းရွှေ့ခဲ့ သည်။ ရန်ကုန်သည် လွတ်လပ်ရေးတိုက်ပွဲ၏ ဗဟိုချက်ဖြစ်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ ရန်ကုန်မြို့သည် တိုင်းပြည်၏ မြို့တော်ဖြစ်လာခဲ့သည်။
ယခင်က ရန်ဂူးဟု လူသိများခဲ့သော ရန်ကုန်သည် သမိုင်းဝင်မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူသိအများဆုံး မြို့တစ်မြို့ဖြစ်သည်။ နေပြည်တော်ကို မြို့တော်အဖြစ် မသတ်မှတ်ခင် ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့ တော်ဖြစ်ခဲ့သည်။ ရန်ကုန်သည် လူဦးရေ ၇ သန်းကျော် နေထိုင်သည့် နိုင်ငံ၏အထင်ရှားဆုံး စီးပွားရေး အချက်အချာကျသော အကြီးဆုံးမြို့ ဖြစ်သည်။
‘ရန်ကုန်’ ဟူသော စကားလုံးသည် ‘ရန်သူ’ နှင့် ‘Koun’ ၏ အဓိပ္ပာယ်ဖြစ်သော ‘ရန်’ ဟူသော အဓိပ္ပာယ်ရှိသော မြန်မာစကားလုံးများကို ပေါင်းစပ်ထားသည်။ စကားလုံးများ၏ ပေါင်းစပ်သော ”ပဋိပက္ခ၏အဆုံး” အဖြစ် ဘာသာပြန်ထားသော ကိုလိုနီခေတ်တွင် ရန်ကုန်ကို ရန်ကုန်ဟုခေါ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းအထိ ရန်ကုန်သည် အစဉ်အလာဖြင့် ရပ်တည်ခဲ့သည်။ လူများပြောင်းရွှေ့လာသည်နှင့်အမျှ မြို့ဧရိယာကို တိုးချဲ့ရန် လိုအပ်လာခဲ့သည်။ ယခုတည်ရှိနေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နေရာသည် ရန်ကုန်သို့မှ မြောက်ဘက်သို့ တိုးချဲ့ထားသော နေရာဖြစ်ပါသည်။
ရန်ကုန်မြို့တော်အား ၁၈ ရာစုတွင် အလောင်းမင်းတရားကြီးမှ တည်ထောင်ခဲ့သည်။ အုပ်ချုပ်မှု မြို့တော်ဟောင်းဖြစ်သောရန်ကုန်သည် ယခုအချိန်တွင် နိုင်ငံတကာဆိပ်ကမ်းများ နှင့် နိုင်ငံတကာ လေဆိပ်ရှိသော စီးပွားရေးအချက်အချာကျ မြို့တစ်မြို့ဖြစ်လျက်ရှိသည်။အမျိုးသား အထိမ်းအမှတ်တစ်ခု အဖြစ် အထွဋ်အမြတ်ထားရာဖြစ်သော ရွှေတိဂုံစေတီတော်မြတ်အပြင် အမျိုးသားပြတိုက်၊ဗိုလ်ချုပ်ဈေး နှင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သော လည်ပတ်စရာများစွာ ရှိသော မြို့တော် လည်းဖြစ်သည်။ ကိုလိုနီခေတ်၏ လက်ရာမြောက် အဆောက်အဉီးများစွာ ကိုလည်း တွေ့မြင် ခံစားနိုင်သော နေရာဖြစ်သည်။ ထိုရှေးဟောင်းအဆောက်အဉီးများ၏ လက်ရာ များကို လမ်းလျှောက်၍ ခံစားကြည့်ရှုခြင်းသည် အကောင်းဆုံးပင်ဖြစ်ပြီး ပျားပန်းခတ်မျှ လှုပ်ရှား သက်ဝင်သော နေ့စဉ် လှုမှုဘဝများ၊ဈေးများ ကိုလည်းတွေ့မြင်ခံစားနိုင်မည်ဖြစ်သည်။ရထားစီးရန် စိတ်ဝင်စားသော ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ၄၆ ကီလိုမီတာ ရှည်သော ရန်ကုန်မြို့ပတ်ရထားအား စီးနင်းရင်း ဒေသခံများ၏ နေ့စဉ်လူနေမှုဘဝနှင့် ၎င်းတို့၏ ဖော်ရွေပျူငှာသော ဓလေ့စရိုက်တို့ကို လေ့လာနိုင်မည် ဖြစ်သည်။
မြေမျက်နှာသွင်ပြင်
ရန်ကုန်မြို့သည် မျှတသော ရာသီဥတုရှိသော မြို့ဖြစ်ပြီး တစ်နှစ်ပတ်လုံးပူနွေးသော ပတ်ဝန်းကျင်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့နှင့် ထိစပ် လျက်ရှိပြီး ၅၇၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။
ယဉ်ကျေးမှူအသိုက်အဝန်း
ရန်ကုန်မြို့တော်သည် မရေမတွက်နိုင်သော ဘုရားစေတီများ၊ မြန်မာ့သမိုင်းတွင်ထင်ရှားခဲ့သည့် ခေါင်းဆောင်ကြီးများ၏ လဲလျောင်းရာ မြို့တော်ကြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံစေတီတော်ကြီး တည်ရှိရာမြို့လည်းဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်ကြီးသည် အမျိုးသား ကန်တော်ကြီးဥယျာဉ်နှင့် ဘေးချင်းကပ်လျက်တွင် တည်ရှိပါသည်။ ရွှေတိဂုံစေတီတော်ကြီးမှ မြင်တွေ့ရသော နေဝင်ဆည်းဆာမှာ အသက်ရှုမှားလောက်အောင် လှပပါသည်။ ဆူးလေဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ စွယ်တော်၊ ငါးထပ်ကြီးဘုရား၊ မင်းဓမ္မ ဘုရား အစရှိသော ထင်ရှားသည့် ဘုရားစေတီပုထိုးများစွာလည်း ရှိပါသည်။ ထို့အပြင် ရန်ကုန်မြို့တော်သည် အခြားဘာသာဝင်များ၏ အထွတ်အမြတ်ထားရာဖြစ်သော ဗလီများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဟိန္ဒူဘုရားကျောင်းများ တည်ရှိရာလည်း ဖြစ်ပါသည်။ အနားယူအပန်းဖြေရန် ပန်းခြံများစွာရှိပြီး ထိုက်ကျိနှင့် ယောဂလေ့ကျင်ခန်းများလည်း ပြုလုပ်နိုင်ပါသည်။
လျှပ်စစ်မီးများထိန်ထိန်လင်းကာ အဆောက်အဦးများစွာဖြင့် စည်ကားနေသော ရန်ကုန်မြို့တော်တွင် ဗိုလ်ချုပ်ပန်းခြံ၊ ပြည်သူ့ရင်ပြင်နှင့် အင်းယားကန်ဘောင်အစရှိသော အပန်းဖြေစရာ နေရာများလည်း ရှိပါသည်။ သမိုင်းအမွေအနှစ်များဖြင့်နှက်နေသော ရန်ကုန်မြို့လည်တွင် အများပြည်သူများ အနားယူ အပန်းဖြေနိုင်သည့် မဟာဗန္ဒုလပန်းခြံရှိပြီး လွတ်လပ်ရေးကျောက်တိုင်နှင့် ခြေင်္သ့ရုပ်ထုကိုလည်း တွေ့မြင်နိုင်ပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့် အမျိုးသား ကန်တော်ကြီးဥယျာဉ်၊ ဗိုလ်ချုပ်ပန်းခြံ၊ ပြည့်သူရင်ပြင်နှင့် အင်းယားကန်ဘောင်တို့တွင် စိမ်းလန်းစိုပြေသော သဘာဝပတ်ဝန်းကျင်ကို ခံစားနိုင်ပါသည်။ ရန်ကုန်မြို့တွင် လည်ပတ်သင့်သည့် ဈေးများစွာရှိသည့်အနက် ဗိုလ်ချုပ်ဈေးမှာ အထင်ရှားဖြစ်ပါသည်။ ဆိုင်ခန်းပေါ် ၂,၀၀၀ ကျော်ရှိ၍ လက်မှုပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများ ဝယ်ယူရန် အကောင်းဆုံးနေရာပင်ဖြစ်ပါသည်။
ရန်ကုန်သည် ရှုထောင့်ပေါင်းစုံမှ စူးစမ်းလေ့လာစရာများစွာရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ ဤ သမိုင်း ဝင်မြို့၏အလှအပကို ခံစားရင်း ပျော်မွေ့စွာနေထိုင်ရန် အထူးအကြံပြုလိုပါသည်။ ဤနေရာမှ ဥယျာဉ်များ၊ တောရိုင်းတိရစ္ဆာန်ဥယျာဉ်များ၊ သစ်ပင်ပန်းမန်များနှင့်ပြည့်စုံသည့် ရေကန်များနှင့် ကိုလိုနီခေတ်အဆောက်အအုံများကို သွားရောက်လည်ပတ်နိုင်ပါသည်။ ထင်ရှားကျော်ကြားလှသော ကိုလိုနီခေတ်အဆောက်အအုံများကိုလည်း ခြေလျင်ဖြင့်သော်လည်းကောင်း၊ ဆိုက်ကားဖြင့်သော် လည်းကောင်း လှည့်လည်ကြည့်ရှုခံစားနိုင်ပါသည်။ အောက်မေ့ဖွယ်အလှပဆုံးသော ခရစ်ယာန် ဝတ်ပြုကျောင်းအချို့လည်း ရှိပါသည်။ နိုင်ငံ၏အကျော်ကြားဆုံးသောစေတီ ပုထိုးများလည်း ရှိပါ သည်။ စင်စစ်အားဖြင့် ရန်ကုန်မြို့၏ ရှုထောင့်ပေါင်းစုံမှ ဘုရားတစ်ဆူကို ဖူးမျှော်ရမည် ဖြစ်ပါသည်။ ထိုဘုရားသည် မြန်မာနိုင်ငံ၏ အမြင့်မြတ်ဆုံးနှင့် တန်ခိုးကြီးလှသော ရွှေတိဂုံစေတီတော်ဖြစ်ပြီး ရန်ကုန်မြို့၏ပြယုဒ်တစ်ခုဖြစ်ပါသည်။ ဤအထင်ကရနေရာမှ သာယာအေးချမ်းမှုကို ခံစားရင်း အချိန် ကုန်သွားစေနိုင်ပါသည်။ ပြတိုက်များနှင့် သမိုင်းဝင်နေရာများလည်းရှိသဖြင့် ရိုးရာအစဉ်အလာများကို ကြည့်ရှု လေ့လာ၍ မြန်မာနိုင်ငံ၏ ကြီးကျယ် မြင့်မြတ်သော ယဉ်ကျေးမှုကို နားလည်နိုင်ပါသည်။
ဘုရားစေတီများ
![]() |
ရွှေတိဂုံစေတီတော် ရွှေတိဂုံစေတီတော်သည် မြန်မာနိုင်ငံသားများအထွတ်အမြတ်ထားရာ ဘုရားတစ်ဆူဖြစ်ပါသည်။ မြင့်မြတ်သောနဂါးဘုရား (သို့မဟုတ်) ရွှေဘုရားဟုလည်း ခေါ်တွင်ပါသည်။ ဉာဏ်တော်အမြင့် ၉၉.၃ မီတာ ရှိ၍ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ အနောက်ဘက်တွင်တည်ရှိပါသည်။ နေဝင်ဆည်းဆာ မတိုင်မီ သွားရောက်ဖူးမြော်သင့်၍ နေဝင်ချိန်အလှကို ခံစားနိုင်ပါသည်။ ရန်ကုန်သို့ လာရောက်လည်ပတ်ရာ၌ ရွှေတိဂုံဘုရားသို့ လာရောက်မဖူးမြော်ဘဲ မပြည်စုံနိုင်ပေ။ ရွှေပြားနှင့် တန်ဆာဆင်၍ နေရောင်အောက်တွင် စိန်ဖူးတော်ဖြင့် တောက်ပလျက်ရှိသော စေတီတော် သည် မြင်ရသူအပေါင်းကို ဘဝတစ်သက်တာစွဲမက်စေမည့် ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ဖန်တီး ပေးပါသည်။ |
![]() |
ဆူးလေစေတီတော် ဆူးလေစေတီတော်သည် ရန်ကုန်မြို့လည်တွင် တည်ရှိပြီး မြတ်စွာဘုရားရှင် လက်ထက်ကတည်းက တည်ထားကိုးကွယ်ခဲ့ပြီး သက်တမ်းမှာ နှစ်ပေါင်း ၂၆၀၀ ကျော်ရှိပြီးဟု ပညာရှင်များက ခန့်မှန်းပြောဆို ထားပါသည်။ ဆူးလေစေတီတော်မှာ ရန်ကုန်ရှေးဟောင်းအမွေအနှစ် စာရင်းထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ရန်ကုန်မြို့လယ်နေရာတွင်တည်ရှိသည့် ဆူးလေဘုရားမှာအထင်ကရတစ်ခုဖြစ်ပြီး ရွှေတိဂုံ ဘုရားထက် သက်တမ်းပိုကြာကာ နှစ်ပေါင်း(၂၀၀၀)ကျောိသက်တမ်းရှိသည့် ရှေးဟောင်းဘုရားပုထိုး တစ်ခုဖြစ်သည်။ မွန်နာမည်ဖြစ်သော “ကျိုက်အသောက်” မှာ “ဆံတော်ရှင်ဌာပနာထားကိုးကွယ်သည့် ဘုရား” ဟု အနက်အဓိပ္ပာယ်ဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်သည်။ အဓိကလမ်းဖြစ်သော မဟာဗန္ဓု လလမ်းနှင့်ဆူးလေဘုရားလမ်းဆုံရာအဝိုင်းလမ်းဆုံ မြို့လယ်ခေါင်တွင်တည်ရှိသည်။ ကုန်းကျော်တံတား (၂)စင်းမှတဆင့် (သို့) အရပ်လေးမျက်နှာ ဝင်ပေါက်(၄) ခုကို မျက်နှာချင်းဆိုင် ထားသည့် နေရာမှဖြတ်၍ ရောက်ရှိနိုင်သည်။ဘုရားမှာအဋ္ဌဂပုံသဏ္ဍာန်ရှိပြီးဘုရားရင်ပြင်တော်ပေါ်သို့တက်သွားပါက ခေါင်းလောင်း တွေ့ရမည်ဖြစ်သည်။ရှေးမူမပျက်ပုံစံ ဖြင့် အဋ္ဌဂပုံဘုရားရုပ်ပွားတော်အားဘုရားကျောင်းဆောင်များဖြင့် ဝန်ရံထားပြီးအဋ္ဌဂပုံအတိုင်း လျှောက်လမ်းများရှိပါသည်။ ထိုလျှောက်လမ်းတစ်လျှောက်တွင် ကျောင်း ဆောင်များ ၊ စေတီများ၊ ခေါင်းလောင်းများဖြင့် သပ္ပာယ်စွာဖူးတွေ့နိုင်သည်။အမှတ်တရပစ္စည်းများကို ဆူးလေဘုရားတစ်လျှောက် ဆိုင်ခန်းများမှ ဝယ်ယူရရှိနိုင်ပြီး ဘာသာရေးနှင့် မဆိုင်သော လုပ်ငန်းများ အဖြစ်ဗေဒင်ဟောခန်းများ၊ ဗေဒင်ဆရာများကို တွေ့မြင်နိုင်သည်။ |
![]() |
ဗိုလ်တစ်ထောင်ဘုရား ဗိုလ်တထောင်ဘုရားသည် ရန်ကုန်မြို့ထဲတွင်ရှိ၍ ရန်ကုန်မြစ်နှင့်နီးကပ်စွာတည်ရှိပါသည်။ ရွှေတိဂုံ စေတီတော်နှင့် သက်တမ်းတူတူလောက်ပင်ဖြစ်ပြီး နှစ်ပေါင်း ၂၅၀၀ ရှိပြီဖြစ်ပါသည်။ ဘုရားကိုယ်ထည်ထဲသို့ဝင်ရောက်နိုင်ပြီး ဂေါတမမြတ်စွာဘုရား၏ ဆံတော်အား ဖူးမြော်နိုင်ပါသည်။ ဒုတိယကမ္ဘာစစ်တွင် ဖျက်စီးခံခဲ့ရသဖြင့် ပြန်လည်မွမ်းမံတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ |
![]() |
ကျိုက်ခေါက်ဘုရား သန်လျင်မြို့နယ်သည် မြန်မာနိုင်ငံ၏ အဓိကဆိပ်ကမ်းမြို့ဖြစ်ပြီး ပဲခူးမြစ်ကို ဖြတ်လျက် တည်ရှိသည်။ သန်လျင်မြို့တွင်ရှိသော အဓိကနိုင်ငံခြားသားများ ကိုဆွဲဆောင်သော နေရာမှာ ကျိုက်ခေါက်ဘုရားပင်ဖြစ်သည်။ ၎င်းဘုရားကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ခန့် ကတည်ထားခဲ့ပြီး စောင်းတန်းလေးသွယ် တည်ရှိကာ မွန်ဘုရားပုံနှင့်ဆင်တူသည်။ သန်လျင်တွင် ပြိုပျက်နေသော ၁၇၅၀တွင်တည်ဆောက်ထားသော ပေါ်တူဂီဘုရားကျောင်းတစ်ခုလည်း တည်ရှိသည်။ |
အထင်ကရနေရာများ
ကန်တော်ကြီးဥယျာဉ် |
ဗိုလ်ချုပ်ဈေး |
ရန်ကုန်မြို့တော်ခန်းမ |
လှော်ကားအမျိုးသားဥယျာဉ် |
တိုင်းရင်းသားကျေးရွာ |
ထောက်ကြန့်စစ်သင်္ချိုင်း |