Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ကြားခြင်း အခမ်းအနား

နေပြည်တော် ဩဂုတ် ၁၁

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌  ၁၁-၈-၂၀၂၂ ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ ရာ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေကျော့မှူးက “ကင်မရွန်းသမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာကောင်စီအကြောင်း လေ့လာတင်ပြခြင်း” စာတမ်းကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ဇာသွယ်က  “Legal Protection of The Right To Health Under Constitution and National Laws:  Myanmar” စာတမ်းကိုလည်းကောင်း ဖတ်ကြားရှင်းလင်း တင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းနှင့် စာတမ်းကြီးကြပ်သူများက ဖြည့်စွက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ကြပါသည်။

 

 

 

 သုတေသနစာတမ်းကြီးကြပ်သူ အဖွဲ့ဝင်ဦးခင်မောင်ဦးက စာတမ်းနှင့်ပတ်သက်ပြီး နိဂုံးချုပ်အမှာစကားပြောကြားစဉ်

ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခိုင်ဇာသွယ် က သုတေသနစာတမ်းအား လေ့လာတင်ပြစဉ်

သုတေသနစာတမ်းကြီးကြပ်သူ အဖွဲ့ဝင် ဒေါက်တာမာလာအောင်က စာတမ်းနှင့် ပတ်သက်ပြီး နိဂုံးချုပ်အမှာစကားပြောကြားစဉ်