Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး လစ်လပ်ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ ရာထူး (၈) နေရာအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာတွင်ပါရှိသော အချက်အလက်များ ပြည့်စုံစွာဖော်ပြရမည်။ လျှောက်လွှာများကို အမြဲတမ်းအတွင်းဝန်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် (၅၄)၊နေပြည်တော်သို့လိပ်မူ၍ လူကိုယ်တိုင်(သို့မဟုတ်) စာတိုက်မှတစ်ဆင့် (သို့မဟုတ်) tribunalpersonneldep@gmail.com ၃၁-၅-၂၀၂၂ ရက် (အင်္ဂါနေ့) နောက်ဆုံးထား၍ပေးပို့ လျှောက်ထားရမည်။

လျှောက်လွှာနှင့်စပ်လျဉ်း၍ လျှောက်လွှာလက်ခံရန် သတ်မှတ်ထားသောရက်ထက် နောက်ကျရောက်ရှိခြင်းနှင့် စာရွက်စာတမ်းပြည့်စုံခြင်းမရှိပါက အဆိုပါလျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို ဖုန်းနံပါတ် ၀၆၇-၃၄၃၀၂၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း နိုင်ပါသည်။

(အကြောင်းအမျိုးမျိုးကြောင့် နေ့ရက် ၊ အချိန်ပြောင်းလဲမှုဖြစ်ပေါ်ပါက ထပ်မံအကြောင်းကြားပါမည်။)

 

သတ်မှတ်ထားသော လျှောက်လွှာပုံစံကို အောက်တွင် Download ရယူနိုင်ပါသည်။