
ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) စာရင်းသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ တစ်ဦးချင်းလှူဒါန်းခဲ့ကြပြီး ခုံရုံးဝန်ထမ်းများမှ အလှူငွေ ၁၀၀၀၀၀ဝိ/ (ကျပ်တစ်ဆယ်သိန်းတိတိ) ကို ထည့်ဝင်လှူဒါန်းခဲ့သည်။
ခုံရုံးအနေဖြင့် နိုင်ငံတော်၏ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများနှင့် ပြည်သူများ ကာကွယ်ဆေးထိုးနှံရာတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများမှ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ပါဝင်လှူဒါန်းခြင်းဖြစ်သည်။