Main menu

တူရကီနိုင်ငံတွင် ကျင်းပပြုလုပ်သော “(၈)ကြိမ်မြောက် နွေရာသီဆွေးနွေးပွဲ”သို့ Video Conferencing စနစ်ဖြင့် တက်ရောက်ခြင်း

တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် စက်တင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ “Restriction of Human Rights and Freedoms on Health Emergencies: The example of COVID-19” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သော (၈)ကြိမ်မြောက် နွေရာသီဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ Video Conferencing စနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ နိုင်ငံတကာဆက်ဆံရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ဇာသွယ်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေဆုလှိုင် တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၈)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က “အရေးပေါ် ကျန်းမာရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးကန့်သတ်ချက်များ” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြား ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။