
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှဌေးသည် အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူများအသင်း (AACC) ၏ အထွေထွေအတွင်းရေးမှူးချုပ်များအစည်းအဝေးသို့ (Meeting of Secretary General of AACC ) သို့တက်ရောက်ခဲ့သည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် ကိုရီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ အာဖကန်နစ္စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ တူရကီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံ၊ စသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့်အဆင့်တူတရားရုံးများအဖွဲ့ဝင် နိုင်ငံများမှ အထွေထွေအတွင်းရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံနှင့် မော်လဒိုက်နိုင်ငံတို့မှ တရားရုံးချုပ်များ၏ အဖွဲ့ဝင်အဖြစ် လျှောက်ထားလာခြင်းကိစ္စရပ်များ၊ မလေးရှားနိုင်ငံမှ ကာဇက်စတန်နိုင်ငံသို့ အသင်းဥက္ကဋ္ဌတာဝန် လွှဲပြောင်းခြင်းလုပ်ငန်းများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ် ဦးလှဌေးနှင့်အတူ ညွှန်ကြားရေးမှူး ဦးညီညီလွင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇင်တို့ လိုက်ပါ တက်ရောက်ခဲ့ကြပါသည်။