နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ Website တွင် မြန်မာနိုင်ငံနှင့်ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ၁၉၅၅ ခုနှစ်မှ စတင်၍ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများကို လေ့လာဖတ်ရှု၍ Download ပြုလုပ်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ခုကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာတို့ဖြင့် ဖော်ပြထားပါသည်။ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ယခုလက်ရှိတွင် (၁၅) နိုင်ငံထိ ထည့်သွင်းထားပြီး ဆက်လက် ထည့်သွင်းသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ဥပဒေများကို ခေတ်အလိုက်သော်လည်းကောင်း၊ ဝန်ကြီးဌာနအလိုက်စီမံခန့်ခွဲသည့် ဥပဒေများအရသော်လည်းကောင်း၊ ခုနှစ်အလိုက်သော်လည်းကောင်း၊ တည်ဆဲ/ရုပ်သိမ်းအလိုက်သော် လည်းကောင်း ရှာဖွေ ဖတ်ရှုနိင်ပါသည်။