နေပြည်တော် ေမ ၂၁
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဥက္ကဋ္ဌ ဦးမြသိန်းအား ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia နှင့် အဖွဲ့သည် ၂၁-၅-၂၀၁၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေး ခန်းမသို့ လာရောက် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia နှင့်အဖွဲ့ တို့က သိလိုသည်များကို မေးမြန်းခဲ့ပြီး ခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်းနှင့် ခုံရုံးအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်လှမျိုးနွယ်၊ ဦးမြသိန်း၊ ဦးမျိုးချစ်နှင့် ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူးတို့တက်ရောက်ခဲ့ကြသည်။