ရန်ကုန် စက်တင်ဘာ ၂၇
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့မှ အောက်တိုဘာလ (၁)ရက်နေ့အထိ ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်မှုနှင့်ဆိုင်သော တတိယအကြိမ် ကမ္ဘာ့ညီလာခံသို့ တက်ရောက်ရန်အတွက် (၂၇.၉.၂၀၁၄)ရက်နေ့ည (၂၃:၃၅)နာရီတွင် ရန်ကုန်မြို့မှ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးမြသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ ဦးမြသိန်းနှင့်အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ဝင် ဒေါ်လှမျိုးနွယ်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုး တို့ လိုက်ပါသွားကြသည်။