Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တင်သွင်းလွှာအမှတ်(၁/၂၀၁၄) အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခြင်း

နေပြည်တော်      စက်တင်ဘာ       ၁၈

    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံး ပါဝင်သော ခုံရုံးသည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၄ နှင့် ၁၅ တို့အရ  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူပါ(၅၀)ဦး တင်သွင်းလာသည့် တင်သွင်းလွှာအမှတ်(၁/၂၀၁၄)ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ခုံရုံး၊ ရုံးခန်းအမှတ်(၁)၌ အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

    ယင်းအပြီးသတ်ဆုံးဖြတ်ချက်တွင် "ဤတင်သွင်းလွှာပါ အဓိကအကြောင်းအရာသည် ယခင်ကတည်ရှိခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဖြေရှင်းခဲ့ရမည့်ကိစ္စဖြစ်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာမတည်မီ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး မပေါ်ပေါက်မီက ကိစ္စရပ် ဖြစ်သည့်အပြင် ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက် များသည် အပြီးအပြတ်အတည်ဖြစ်သည်ဟု ဥပဒေများက အတိအကျ ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။

    ထို့ကြောင့် တင်သွင်းလွှာပါ ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် ကချင်တိုင်းရင်းသားအစုအဖွဲ့တွင် ပါဝင်သော လီဆူးနှင့် ရဝမ်ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ကချင်တိုင်းရင်းသားအစု အဖွဲ့တွင် ပါဝင်သော လီဆူးကို လည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ ခန့်အပ်တာဝန် ပေးအပ်ထားမှုသည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ မရှိ ခုံရုံး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားချမှတ်ပေးရန် တောင်းဆိုခြင်းအပေါ် ဤခုံရုံးက ဝင်ရောက် စွက်ဖက်ရန်အကြောင်းမရှိပေ။ ဤတင်သွင်းလွှာကို ပလပ်ကြောင်း အမိန့်ချမှတ်သည်။"ဟု ပါရှိသည်။

ဆုံးဖြတ်ချက်အပြည့်အစုံကို “တင်သွင်းလွှာနှင့် ဆုံးဖြတ်ချက်များ” ကဏ္ဍတွင် ဖတ်ရှုနိုင်ပါသည်။