နေပြည်တော်
၂၀၁၄ ဖေဖော်ဝါရီလ ၂၀
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမြသိန်းအား ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ Legal Advisor for Human Resources Development of Drafting Legislation/ Legal Bills Scrutiny, Mr. Kenta Komatsu ခေါင်းဆောင်သော ဂျပန်ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် ၉:၅၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး အစည်းအဝေးခန်းမသို့ လာရောက်တွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်လှမျိုးနွယ်၊ ဒေါက်တာသီတာဦး၊ဒေါ်ကျင်စန်းနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။