Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

နေပြည်တော် ၂၀၁၄ ခုနှစ်၊ ဇွန် ၉

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို (၉.၆.၂၀၁၄)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌက အမှာစကားပြောကြားပြီး ပညာသင်ထောက်ပံ့ကြေးများကို ပေးအပ်ခဲ့ရာ ပညာသင်ထောက်ပံ့ကြေးရရှိသော ဝန်ထမ်းများကိုယ်စား ညွှန်ကြားရေးမှူး ဦးမင်းသိမ်းက လက်ခံခဲ့သည်။ ဆက်လက်၍ ပညာသင်ထောက်ပံ့ကြေးရရှိသော ဝန်ထမ်းများကိုယ်စား ညွှန်ကြားရေးမှူး ဦးဆွေတင့်လွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၁၁)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။