Main menu

သတင်းများ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၄ ရက်နေ့တွင်ကျင်းပသည့် အာရှဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC)နှင့် အာဖရိကဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားစီရင်ရေး (CCJA) ပူးတွဲညီလာခံသို့ Online မှတစ်ဆင့် တက်ရောက် ခဲ့သည်။
တူကီယဲနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဦးဆောင်၍ စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ Hybrid စနစ်ဖြင့် ကျင်းပသည့် (၁၀) ကြိမ်မြောက် နွေရာသီသင်တန်း အစီအစဉ်သို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဒေါက်တာချိုမာဌေး (ဒုတိယ ညွှန်ကြားရေးမှူး) နှင့် ဒေါ်အိအိစိုး (လက်ထောက်ညွှန်ကြားရေးမှူး) တို့က video conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။
       နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊အစည်းအဝေးခန်းမ၌၁၆-၉-၂၀၂၂ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင်ကွယ်လွန်သူ ဦးဇော်လင်းမောင်၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ ပဲခူးတိုင်းဒေသကြီး ဥပဒေအရာရှိ(ငြိမ်း)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နိုင်ငံတော်သမ္မတရုံးအကြံပေး(ငြိမ်း)အားရည်စူး၍ (ဇနီး)ဒေါ်ထူးထူးငွေ၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် (သမီး) ဒေါ်မင်းသီရိဇော် တို့မှ ဥပဒေစာအုပ်အမျိုးမျိုးနှင့် အထွေထွေဗဟုသုတစာအုပ်ဆိုင်ရာစာအုပ် (၂၃၇)အုပ်နှင့် သံဗီရို တစ်လုံးတို့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ စာကြည့်တိုက်သို့ပေးအပ်လှူဒါန်းရာ နိုင်င
         နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားပူဇော်လျက်ရှိသည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ သာသနိကစေတီများဖြစ်သော ပိဋိကတ် ပါဠိတော်၊ အဋ္ဌကထာ၊ ဋိကာ၊ ကျမ်းစာများမြန်မာပါဠိ၊ ရိုမန်အင်္ဂလိပ်ဘာသာဖြင့်  ရေးထိုးပူဇော် ထားသည့်ကျောက်စာရုံစေတီတော် ၇၂၀ ဆူကို တည်ထားလျက်ရှိပါသည်။ အဆိုပါ ကုသိုလ်တော်တွင် စေတီအမှတ် (၁၀၈)အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများ စုပေါင်းကောင်းမှု အဖြစ် လှူဒါန်းငွေကျပ်(၂၇၉၀၀၀၀ဝိ/-)တိတိ (ကျပ်နှစ်ရာခုနှစ်ဆယ်ကိုးသိန်းတိတိ)အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ
        နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌဦးသာဌေးနှင့် ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း တို့သည် ဩဂုတ်လ ၁၈ ရက်နေ့ မှ ၁၉ ရက်နေ့အထိ ကျင်းပသည့် အာရှနိုင်ငံ များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC- The Association of Asian Constitutional Courts and Equivalent Institutions) ၏ (၅)ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်သည်။

Pages