Main menu

သတင်းများ

၁။      (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ညစာစားပွဲနှင့် ပျော်ပွဲ ရွှင်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် ညနေ ၅ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်းအမှတ်(၂)၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းများမှ သီချင်းများနှင့်သီဆိုကပြဖျော်ဖြေခဲ့ကြသည်။ ၂။       အဆိုပါအခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များသည် အရာထမ်း၊ အမှုထမ်းများနှင့် အတူတကွညစာသုံးဆောင်ခဲ့ကြပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌  ၂၉-၁၂-၂၀၂၂ ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ  ဒေါက်တာကြည်ကြည်ခင် (ဒုတိယညွှန်ကြားရေးမှူး) က “အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဒေါ်ခင်ရူပါဉီး (လက်ထောက်ညွှန်ကြား ရေးမှူး)နှင့် ဒေါ်လှဆန်းဝင်း(ဒုတိယဉီးစီးမှူး) တို့က “မော်လ်ဒိုက်သမ္မတနိုင်ငံ တရားလွှတ်တော်ချုပ် ကဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်အား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်းတို့ကိ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌  ၁၅-၁၂-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဦးသိန်းထွန်း (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်ဟေမာသိန်း(ဒုတိယဦးစီးမှူး)တို့မှ “အင်ဂိုလာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး”သုတေသနစာတမ်းကိုဖတ်ကြားတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်း ခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်းကြီးကြပ်သူအဖွဲ့ဝင်မှ သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌  ၂၄-၁၁-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒေါက်တာခိုင်ဇာသွယ်(ဒုတိယညွှန်ကြားရေးမှူး)နှင့် ဒေါ်မေသန္တာစိုး(ဒုတိယဦးစီးမှူး)တို့မှ“တောင်အာဖရိက နိုင်ငံဖွဲ့စည်းပုံအခြေခံဥပ ဒေအကြောင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဦးငွေထွန်း (ဦးစီးအရာရှိ) မှ “ဂျော်ဒန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်အမှတ် (၂/၂၀၁၈) အား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားတင်ပြခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်းကြီးကြပ်သူ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌  ၁၀-၁၁-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒေါက်တာမာလာအောင် (အဖွဲ့ဝင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး) က “Implementation of Constitutional Review: Challenges and Development Trends” သုတေသနစာတမ်းကို လည်းကောင်း၊ ဦးမျိုးမြင့် (လက်ထောက်ညွှန်ကြားရေးမှူး) က “ဂါဘွန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံး” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားတင်ပြခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Pages