Main menu

သတင်းများ

မေ  ၂ နေပြည်တော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ခန့်အပ်တာဝန်ပေးထားသည့် ဝန်ထမ်းများ ကွန်ပျူတာ အသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် အရည်းအချင်းပြည့်ဝစေရန်၊ လုပ်ငန်းကျွမ်းကျင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားလာစေရန် ရည်ရွယ်လျက် ရုံးလုပ်ငန်းသုံးကွန်ပျူတာ မွမ်းမံသင်တန်းအမှတ်စဉ် ၁/၂၀၂၂ ကို ဖွင့်လှစ်ခဲ့ပါသည်။
နေပြည်တော် စက်တင်ဘာ ၈ တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် စက်တင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ “Current Problems in Execution of Judgments: Constitutional Justice” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သော (၉)ကြိမ်မြောက် နွေရာသီဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ Video Conferencing စနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့သည်။
နေပြည်တော် ဇွန် ၂၅ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉:၀၀နာရီ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးပတ်ဝန်းကျင်၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းမိသားစုများ ၏ ဒသမအကြိမ်မြောက် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် ၅၄ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဉီးမျိုးညွန့် တက်ရောက်၍ ကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့သည်။

Pages