Main menu

သတင်းများ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ ၂၄
နေပြည်တော် မတ် ၃၀           နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တည်ထောင်ခြင်း (၁၁)နှစ်မြောက် ရုံးနှစ်ပတ်လည်နေ့ အခမ်းအနားကို ၃၀-၃-၂၀၂၂ရက်နေ့ နံနက်၁၀:၀၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်းအမှတ်(၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (၁၀)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ် နေပြည်တော် မတ် ၃၀           နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တည်ထောင်ခြင်း (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ၃၀-၃-၂၀၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်းအမှတ်(၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော် နိုဝင်ဘာ ၁၁     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ဦးနှင့်  ဒေါ်နန်းစန္ဒာစမ်း တို့သည် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများ အသင်း(AACC- The Association of Asian Constitutional Courts and Equivalent Institutions) ၏ တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
မေ  ၂ နေပြည်တော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ခန့်အပ်တာဝန်ပေးထားသည့် ဝန်ထမ်းများ ကွန်ပျူတာ အသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် အရည်းအချင်းပြည့်ဝစေရန်၊ လုပ်ငန်းကျွမ်းကျင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားလာစေရန် ရည်ရွယ်လျက် ရုံးလုပ်ငန်းသုံးကွန်ပျူတာ မွမ်းမံသင်တန်းအမှတ်စဉ် ၁/၂၀၂၂ ကို ဖွင့်လှစ်ခဲ့ပါသည်။

Pages