Main menu

သတင်းများ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တင်သွင်းလွှာအမှတ် (၁/၂၀၁၅) ကို အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်မည့် နေ့ရက်နှင့်အချိန် ကြေညာခြင်း  
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အားလုံးပါဝင်သော ခုံရုံးသည် ၂၇-၂-၂၀၁၅ ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးခန်းအမှတ်(၁)၌ တင်သွင်းလွှာအမှတ် (၅/၂၀၁၄) ကနဦးဆုံးဖြတ်ရမည့် အချက်အပေါ် ချမှတ်သည့်အမိန့် ချမှတ်ခဲ့သည်။ အမိန့်အပြည့်အစုံကို “တင်သွင်းလွှာနှင့် ဆုံးဖြတ်ချက်များ”ကဏ္ဍတွင် ဖတ်ရှုနိုင်ပါသည်။
     နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပသော ၂၀၁၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း တက်ရောက်ကြည်ညို၍ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် များကိုလည်းကောင်း၊ သုဓမ္မမဏိဇောတဓရနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိသူ များအား ဘွဲ့တံဆိပ်တော်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

Pages