You are here
သတင်းများ

နေပြည်တော် ဇူလိုင် ၂၄
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌသည် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီအား ၂၄.၇.၂၀၁၄ ရက်နေ့ မွန်းလွဲ (၄)နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များဖြစ်သော ဒေါ်လှမျိုးနွယ်၊ ဦးမြသိန်း၊ဒေါ်ကျင်စန်းနှင့် ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်

နေပြည်တော် ဧပြီ ၃၀
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမြသိန်းအား ဂျပန်နိုင်ငံ တရားရေး ဒုတိယဝန်ကြီး H.E. Mr. Shinsuke OKUNO ခေါင်းဆောင်သော ဂျပန်ကိုယ်စားလှယ် အဖွဲ့သည် ၃၀-၄-၂၀၁၄ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး အစည်းအဝေးခန်းမသို့ လာရောက်တွေ့ဆုံသည်။
ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကိုယ်စားလှယ်အဖွဲ့ကိုလက်ခံ တွေ့ဆုံခြင်း
နေပြည်တော်
၂၀၁၄ ဖေဖော်ဝါရီလ ၂၀

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပါ ၂၅ ဦး တို့က တင်သွင်းလာသော တင်သွင်းလွှာအမှတ်(၁/၂၀၁၅) အပေါ် (၁၁-၅-၂၀၁၅) ရက်နေ့တွင် အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ အဆိုပါအပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အပြည့်အစုံကို တင်သွင်းလွှာနှင့် ဆုံးဖြတ်ချက်များ ကဏ္ဍတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။