Main menu

သတင်းများ

နေပြည်တော် ဂျပန်နိုင်ငံ၊  နာဂိုယာတက္ကသိုလ်မှ အမှုဆောင် အကြံပေး/ ဂုဏ်ထူးဆောင်ပါမောက္ခ၊ အိုက်ချိ တက္ကသိုလ်၏ ဥက္ကဋ္ဌ Mr. AIKYO Masanori ဦးဆောင်သော အဖွဲ့ဝင် (၆)ဦးပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ၁၆.၂.၂၀၁၆ ရက်နေ့တွင် လာရောက် လေ့လာခဲ့သည်။
      နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှူးပြု၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို (၅.၁၁.၂၀၁၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ်(၅၄) တွင် ကျင်းပပြုလုပ်ခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲပြုလုပ်ခြင်း နေပြည်တော် စက်တင်ဘာ ၁၇ ရက်   မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွား ရေးဆွေးနွေးဟောပြောခြင်းအခမ်းအနားကို (၁၇.၉.၂၀၁၅) ရက်နေ့ နံနက် (၀၉:၃၀)၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးခန်းအမှတ်(၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။
  ရေဘေးသင့်ပြည်သူများအတွက်အလှူငွေလှူဒါန်းခြင်း      မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျှက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များနှင့်ဝန်ထမ်းမိသားစုများက လှူဒါန်းသော ​ငွေ ၁၃သိန်း ကျပ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်ထံသို့ ၄-၈-၂၀၁၅ ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်တွင် ခုံရုံးအဖွဲ့ဝင် ဦးမြသိန်း၊ ဦးမျိုးချစ် နှင့် ရုံးအဖွဲ့မှူး ဦးလှဌေးတို့က သွားရောက် လှူဒါန်း ခဲ့ပါသည်။
နေပြည်တော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များဖြစ်ကြသော ဦးမြသိန်း၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးမျိုးချစ် တို့အား Community of Democracies   က အတွင်းရေးမှူး  Ms.Maria Leissner သည် ၁၅-၇-၂၀၁၅ ရက်နေ့ နေ့လယ် ၁ ၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံခဲ့ပါသည်။ 

Pages