You are here
သတင်းများ
နေပြည်တော် ဇွန် ၁၄
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးညီညီအား ပြင်သစ်နိုင်ငံ Aix-Marseille တက္ကသိုလ် Louis Favoreu Institute မှ ဌာနမှူး ပါမောက္ခ Dr. Xavier Philippe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၁၄.၆.၂၀၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

နေပြည်တော် ဇွန် ၂
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်အား International Commission of Jurists (ICJ)မှ ကော်မရှင်အဖွဲ့ဝင် တရားသူကြီး Azhar Cachalla နှင့် ဒေသတွင်းဒါရိုက်တာ Mr. Saman Zia Zarifi ဦးဆောင်သောအဖွဲ့သည် (၂.၆.၂၀၁၆)ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး စည်းဝေးခန်းမသို့ လာရောက် တွေ့ဆုံ ခဲ့ပါသည်။

နေပြည်တော် မေ ၅

နေပြည်တော် မေ ၁၈
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ၂၀၁၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့ နေ့လည် (၁)နာရီအချိန်တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဥက္ကဋ္ဌ ဦးမျိုးညွန့်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။

နေပြည်တော် ဧပြီ ၂၉
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ တက်စ်ဘီလ်ဂူအန်းတူမာကူလာဒ် အား (၂၉.၄.၂၀၁၆) ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။