You are here
သတင်းများ

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၆
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးပါဝင်သော ခုံရုံးသည် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ပါ ၅၀ ဦးက တင်သွင်းလာသည့် တင်သွင်းလွှာအမှတ် ၁/၂၀၁၇ နှင့်စပ်လျဉ်းသည့် ကြားဖြတ်လျှောက်ထားလွှာများ အပေါ် ကနဦးဆုံးဖြတ်ချက်များကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ရုံးခန်းအမှတ်-၁ ၌ ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းမိသားစုများ၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ၆.၇.၂၀၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် ၅၄ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို (၂၈.၆.၂၀၁၇) ရက်နေ့ မွန်းလွဲ ၁၃:၃၀ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးခန်းအမှတ်(၂)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
နေပြည်တော် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၇
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိအမြင် ဗဟုသုတများ ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် International IDEA (Institute For Democracy and Electoral Assistance) တို့ ပူးပေါင်း၍ “Constitution-building in South Africa – The Transition Process and the Role of the Constitutional Court” အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။