Main menu

သတင်းများ

နေပြည်တော် ဇွန် ၂၉ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်သည် မြန်မာနိုင်ငံဆိုင်ရာ  အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel အား ၂၉.၆.၂၀၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
နေပြည်တော် ဇွန် ၁၇          နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သားသမီးများအား ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် (၅၄) တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့သည်။
နေပြည်တော် ဇွန် ၁၄ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးညီညီအား ပြင်သစ်နိုင်ငံ Aix-Marseille တက္ကသိုလ် Louis Favoreu Institute  မှ ဌာနမှူး ပါမောက္ခ Dr. Xavier Philippe ​ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၁၄.၆.၂၀၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။        
နေပြည်တော် ဇွန် ၂               နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်အား International Commission of Jurists (ICJ)မှ ကော်မရှင်အဖွဲ့ဝင် တရားသူကြီး Azhar Cachalla နှင့် ဒေသတွင်းဒါရိုက်တာ Mr. Saman Zia Zarifi  ဦးဆောင်သောအဖွဲ့သည် (၂.၆.၂၀၁၆)ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး စည်းဝေးခန်းမသို့ လာရောက် တွေ့ဆုံ ခဲ့ပါသည်။

Pages